အရပ်အမြင့် ၂ ပေကျော်ရုံမျှ(၆၁ ဒသမ ၉၅ စင်တီမီတာ)သာရှိသည့် အိန္ဒိယကျောင်းသူ ရိုတီအမ်ဂီမှာ ကမ္ဘာ့အရပ်အပုဆုံး အမျိုးသမီးအဖြစ် ဂင်းနစ်စံချိန် မှတ်တမ်းဝင်သွားပြီ ဖြစ်သည်။ ၄င်း၏ ၁၈ နှစ်ပြည့်မွေးနေ့တွင် ကမ္ဘာ့အရပ်အပုဆုံး အမျိုးသမီးအဖြစ် အမ်ဂီအား ဂင်းနစ်အဖွဲ့က တရားဝင် အတည်ပြုကြေညာခဲ့ခြင်း ဖြစ်သည်။

ယခင်က ကမ္ဘာ့အရပ်အပုဆုံးအဖြစ် သတ်မှတ်ထားသည့် အသက် ၂၂ အရွယ် ဘရစ်တီ ဂျော်ဒန်ထက် ၂ ဒသမ ၇၆ လက်မ (၇ စင်တီမီတာ) ပိုမိုအရပ်ပုကြောင်း သိရသည်။



ဘောလီးဝုဒ်တွင် သရုပ်ဆောင်ဖြစ်လိုသော အမ်ဂီသည် ပုံမှန်အတိုင်း ကျောင်းစာသင်ကြားခဲ့ပြီး ယခုအခါ အထက်တန်းစာမေးပွဲကို ဖြေဆိုပြီးဖြစ်ကြောင်း သိရှိရသည်။






No comments:
Post a Comment