Friday, December 2, 2011

ညတွင် ပွင့်သည့် သစ်ခွပန်းကို ပထမဆုံး အကြိမ် ရှာဖွေ တွေ့ရှိ

ညတွင် ပွင့်သည့် သစ်ခွပန်းကို ပထမဆုံး အကြိမ် ရှာဖွေ တွေ့ရှိ
ကမ္ဘာ့ပထမဆုံးဟု သတ်မှတ်နိုင်မည့် ညတွင် ပန်းပွင့်သော သစ်ခွတစ်မျိုးကို ဒတ်ခ်ျ ရုက္ခဗေဒပညာရှင် အက်ဒ်ဒီဗိုဂယ်က တွေ့ရှိခဲ့ကြောင်း သိရသည်။  သုတေသီများက အဆိုပါ သစ်ခွကို ရုက္ခဗေဒအမည် Bulbophyllum Nocturnum ဟု ခေါ်ထားပြီး ထိုသစ်ခွပင်သည် ညအမှောင်ရောက်ခါမှ ပန်းပွင့်ကာ မနက်ခင်းရောက်လျှင် ပွင့်အာနေ သည့်ပန်းပွင့်မှာ ပြန်လည် ဖူးငုံ သွားကြောင်းဆိုသည်။
အများအားဖြင့် ညတွင် ပွင့်သော ပန်းများမှာ သေးငယ်သည့် အပင်မျိုးစိတ်များ ဖြစ်ပြီး ညဘုရင်မ ရှားစောင်းပင်၊ ညတွင်ပွင့်သည့် စံပယ်ပန်းများ ဖြစ်သည်။ သစ်ခွအများအပြားမှာ လိပ်ပြာတို့၏ ဝတ်မှုန်ကူးခြင်းဖြင့် မျိုး ဆက်ပြန့်ပွားကြပြီး ယခု ညသစ်ခွ ပန်းမှာမူ ယင်ကောင်ကဲ့သို့ ညတွင် ကျက်စားသည့် အင်းဆက်ပိုး ကောင်ငယ်များ၏ ဝတ်မှုန်ကူး ခြင်းဖြင့် မျိုးဆက်ပြန့်ပွားကြောင်း ပညာရှင်များက ယုံကြည်နေ သည်။ ယခု သစ်ခွမျိုးစိတ်သစ်ကို ပါပူအာနယူးဂီနီကျွန်း၏ အရှေ့ မြောက်ကမ်းရိုးတန်းအပြင်ဘက် နယူးဗြိတိန်ကျွန်းပေါ်တွင် ရှာဖွေ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text