
လွန်ခဲ့သော (၂.၁၁.၂၀၁၁) ရက်၊ ဗုဒ္ဓဟူးနေ့က စပိန်နိုင်ငံ ကာနာလီကျွန်းစု (canary islands) ရှိ အနောက် တောင်အစွန်း ဆုံးရှိ အသေးငယ် ဆုံးကျွန်းကလေး ဖြစ်သည့် (EL.Hierro) တွင် စပိန် နိုင်ငံ၏ စံတော်ချိန်ည ၆နာရီ ၁၀ မိနစ် (စင်ကာပူနိုင်ငံ၊ နိုဝင်ဘာလ (၃)ရက်၊ ကြာသပတေးနေ့၊ စံတော် ချိန်၊ ၁နာရီ ၁၀မိနစ်)အချိန်၌၊ မြေ ငလျင်ပြင်းအား ၄.၄ ရစ်ခ်ျတာ စကေး(ငလျင်ဗဟိုပြုလျက်) မြေင လျင် အကြိမ်ပေါင်း (၇၇)ကြိမ် မြောက်တုန်လှုပ်ခဲ့၏။ ယင်းအနက် (၅)ကြိမ်တိုင်တိုင်၊ ပြင်းထန်စွာမြေ ငလျင်လှုပ်ခဲ့ရာ ကျွန်းစုအနီးတွင်၊ လှိုင်းလုံးကြီးများ ကြောက်မက်ဖွယ် ရာကောင်းလောက်အောင် ထြွကခဲ့ သည့်အပြင် ဆာဟာရ သဲကန္တာရ မှ လေပူတိုက်ခဲ့ပြန်ရာ ဒေသခံများ မအိပ်နိုင်၊ မစားနိုင်ဖြစ်ကာ ဒုက္ခ ပင်လယ်ဝေ ခဲ့ရသည် ဆိုသည်။ (ပင်လယ်ရေအောက် မြေငလျင် တုန်လှုပ်မှုဖြစ်၏)

No comments:
Post a Comment