
၊၂၀၁၁ ခုနှစ် မှာ သတင်း ယူ ရင်း အသတ်ခံ ရတဲ့ သတင်း ထောက် ၆၆ ယောက်
ရှိ တယ်လို့ ဒီနေ့  နယ်စည်းမခြား သတင်း ထောက်များ အဖွဲ့  ( Reporter Without Borders)
က သတင်း ထုတ် ပြန်ပါတယ်။
အသတ်ခံ ရတဲ့ သတင်း ထောက် အများစု ဟာ အာရပ် တော်လှန်ရေး ဖြစ်ပွား ချိန် အတွင်း မှာ
အသတ်ခံ ရ တာ ဖြစ် ပြီး သေဆုံး မှု တွေ ဖြစ်ပွား ခဲ့ တဲ့ အများ ဆုံး နေရာ တွေ ဟာ ဆီးရီးယား
အီဂျစ်၊ လစ်ဗျား နဲ့  ပါကစ္စတန် နိုင်ငံ တို့  ဖြစ်တယ် လို့  ဖော်ပြထား ပါတယ်။
မက္ကဆီ ကို မှာ တော့ ရာဇ၀တ်ဂိုဏ်း နဲ့  လက်နက် ကိုင် မူးယစ် မှောင် ခို အဖွဲ့  တွေ ရဲ့ လက်ချက်
နဲ့  သေဆုံးခဲ့ ကြပါတယ်။ ပါကစ္စတန် နိုင်ငံ မှာ စာနယ်ဇင်း သမား ၁၀ ဦး အသတ် ခံရ ပြီး ဒီနိုင်ငံ
ဟာ နှစ်တိုင်း လိုလို မှာ သတင်းထောက် တွေ အတွက် အန္တရာယ် အရှိ ဆုံး အဖြစ်နှစ် နှစ် ဆက်
တိုက် သတ်မှတ် ခံ နေရဆဲ ဖြစ်ပါတယ်။
ဒီနှစ်မှာ ဂျာနယ်လစ် ၁၀၄၄ ဦး အဖမ်းခံ ရပြီး ယခင်နှစ်က ထက် ဖမ်းဆီး ခံရသူ ဦးရေ နှစ်ဆ
တိုးလာတာ လို RSF က ပြောပါတယ်။
တရုတ် ၊ အီရန် နဲ့  အီရီထရီးယား နိုင်ငံ တွေ ဟာ စာနယ်ဇင်း သမား တွေ အတွက် အကြီး မားဆုံး
အကျဉ်းထောင် တွေ ရှိ တဲ့ နိုင်ငံ တွေ လို့  အယ်(လ)ဂျာဇီးယား သတင်း မှာ ဖော် ပြထား ပါတယ်။
ဘီလာရုစ် မှ သည် အီဂျစ် နိုင်ငံ တီဟိရ် ရင် ပြင် ထိ ၊ မိုဂါဒစ်ရှုး မှ သည် အမေရိကန် ဝေါလ် စထရိ
လမ်းမ ထိ သတင်းထောက် တွေ အတွက် ဆက် ပြီး အန္တရယ် ရှိ နေဆဲ ဖြစ် တယ် လို့  ပြင်သစ်
နိုင်ငံ ပါရီ အခြေစိုက် နယ်စည်း မခြား သတင်း ထောက် များ ရဲ့  အင်တာ နက် စာမျက် နှာ မှာ
ဖော် ပြထား ပါတယ်။
အာရပ် တော်လှန်ရေး အုံကြွမှု ဖြစ်ခဲ့ တဲ့ လစ်ဗျား ၊ ဆီးရီးယား ၊ ယီမင်၊ အီဂျစ် နဲ့  အာဖရိက အိုင်ဗ
ရီကိုစ် နိုင်ငံ တွေ မှာ သေဆုံး သူ တွေ ပို တိုးလာခဲ့ ပါတယ်။
မနှစ်က သတင်း ယူနေ စဉ် သေဆုံး သူ ၅၇ ဦး ရှိ ခဲ့ ပြီး ဒီနှစ်မှာ ပို များ လာတာ ဖြစ်ပါတယ်။

No comments:
Post a Comment