
ရက်စက်ကြမ်းကြုတ်သည့် သဘောသဘာဝရှိသော ဗီဒီယိုဂိမ်းများနှင့် ဖျော်ဖြေရေးအစီအစဉ်များသည် ငယ်ရွယ်သူများ၏ဦးနှောက်ကို ပျက်စီးစေသည်ဟုဆိုသော်လည်း Oxford တက္ကသိုလ်မှ ပါမောက္ခဖြစ်သူ Baroness Greenfield နှင့် သိပ္ပံပညာရှင်အချို့ကမူ ယင်းအဆိုကို လက်ခံမှုမရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ဦးနှောက်နှင့်အာရုံကြောပါရဂူတစ်ဦးဖြစ်သူ Baroness က အဆိုပါယူဆချက်ကို လက်ခံခြင်းမရှိဘဲ လှုပ်ရှားမှုပြင်းထန်သည့် ဂိမ်းများကစားခြင်းသည် ဦးနှောက်၏လှုပ်ရှားမှုကို ပိုမိုနိုးကြားစေသည်ဟု သူမအနေဖြင့်ယူဆကြောင်း ပြောကြားခဲ့သည်။ သူမ၏ယူဆချက်နှင့်ပတ်သက်၍ ဦးနှောက်အဖွဲ့အစည်းအတွင်းမှ ငုတ်လျှိုးပျောက်ကွယ်နေတတ်သည့် အမူအကျင့်အချို့ကို screen အခြေခံလှုပ်ရှားမှုများဖြင့် ဖော်ထုတ်ပြသခဲ့ရာ သူမ၏ထင်မြင်ယူဆချက်မှန်ကန်ကြောင်း တွေ့ရှိရသည်။ လှုပ်ရှားမှုပြင်းထန်သည့် ဗီဒီယိုဂိမ်းကစားသူ လူငယ်များနှင့် သာမန်ဂိမ်းကစားသူလူငယ်များ၏ ဦးနှောက်အဖွဲ့အစည်းလှုပ်ရှားမှုများမှာ တူညီမှုမရှိကြဘဲ လှုပ်ရှားမှုပြင်းထန်သည့် ဗီဒီယိုဂိမ်းကစားသည့် ဦးနှောက်လှုပ်ရှားမှုကို ဆန်းစစ်ရန်အတွက် ဂိမ်းကစားသူ ၂၂ ယောက်ကို magnetic resoznance scanning, verbal psychological စစ်ဆေးမှုများနှင့် ရေတွက်သည့်ဆန်းစစ်မှုများကို ပြုလုပ်စေခဲ့သည်။ ထွက်ရှိလာသည့်ရလဒ်များအရ ပြင်းထန်သည့်ဂိမ်းများကစားရာမှ ဖြစ်ပေါ်လာသည့် ဦးနှောက်လှုပ်ရှားမှုများသည် စိတ်ပိုင်းဆိုင်ရာခံစားချက်များကို ထိန်းချုပ်ခြင်းနှင့် ရန်မူတတ်သော အပြုအမူများကို ထိန်းချုပ်ရာတွင် အလွန်အရေးပါကြောင်း တွေ့ရှိရသည်။ ၎င်းကဲ့သို့သော ဂိမ်းများကစားခြင်းကြောင့် ရရှိလာသည့်အကျိုးသက်ရောက်မှုသည် ဦးနှောက်လုပ်ဆောင်ချက်များအတွက် ရေရှည်အကျိုးသက် ရောက်မှုရှိကြောင်း Radiology and Imaging Sciences ဌာနမှ လက်ထောက်သုတေသနပါမောက္ခ Dr Yang Wang ကပြောကြားခဲ့သည်။

No comments:
Post a Comment