Thursday, December 15, 2011

ထိုင်းကို အနိုင်ယူ ခဲ့သည့် (၃) ထပ်ကွမ်း အောင်လံဆုရှင် စောငမန်း

စောငမန်း
အလွတ်တန်း ဒဂုံ ရွှေအောင်လံ လုပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်တွင်တော့ ထိုင်းမှ ဖူးခက် ချန်ပီယံ ကစ်တီပွန်း နှင့် မြန်မာမှ သုံးထပ်ကွမ်း ဒဂုံ အောင်လံဆုရှင် စောငမန်းတို့ ထိုးသတ်ခဲ့ကြသည်။ ပထမ အချီ စလွှတ်ရာတွင် နှစ်ဦးစလုံးမှာ အမှားစောင့်ထိုး နေသောကြောင့် ပွဲမှာ သိပ်အသက်မ၀င်ပဲ အေးနေခဲ့သည်။နောက်ပိုင်းတွင်တော့ စောငမန်းမှာ လိုက်ထိုးခဲ့ပြီး ကစ်တီပွန်းမှာ ကြိုးဝိုင်းထောင့်တွင်သာ ကပ်နေပြီး ခြေကာချက်များဖြင့်သာ ပြန်လည် တုန့်ပြန်နိုင် ခဲ့သည်။ဒုတိယ အချီ စတင်ချိန်မှာတော့ စောငမန်းမှာ ပိုမို ဖိထိုးခဲ့ပြီး ပူးနေချိန်များတွင် ခေါင်းဖြင့်တိုက် ခဲ့သောကြောင့် ကစ်တီပွန်းမှာ စောငမန်းနှင့် ပူးရန် မကြိုးတော့ပေ။တတိယ အချီ ပြန်လည် စတင်ပြီး (၄၅) စက္ကန့် အကြာမှာပင် စောငမန်း၏ ကန်ချက်ဖြင့် ကစ်တီပွန်းမှာ (၃) ထပ်ကွမ်း အောင်လံဆုရှင် စောငမန်းကို အရှုံးပေး ခဲ့ရသည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text