Sunday, December 4, 2011

ပုံဖေါ်ထားတဲ့ သစ်ပင်လေးတွေပါ

သူငယ်ချင်းတို့ရေ၊ ကောင်းသောနေ့လေးပါနော်၊ ဒီနေ့တော့ဗျာ အားအားရားရား (အာ... မှားလို့မှားလို့) မအားတဲ့ကြားက သူငယ်ချင်းတို့ကို ဘွန်စော (ဟိုက်... မှားပြန်ပြီ) ဘွန်ဆိုင်း ပညာနဲ့ ပန်းပညာရှင်တွေ ပေါင်းစပ် တီထွင်ထားတဲ့ ကြည်နူးဖွယ်လေးတွေကို အူးအူး ဂူငယ်ဆီက ခိုးလာတယ်နော်...


ချစ်သူ စုံတွဲတွေ အပန်းဖြေနိုင်တဲ့နေရာလေးပါ....ချစ်သူတွေ ချိန်းတွေ့နိုင်တဲ့ နေရာလေးပါ (ဒို့ကို ဘယ်သူမှ မြင်မှာမဟုတ်ပါဘူးကွာ...)
အနုပညာပိုးထိုးနေတဲ့ ဒီဇိုင်နာက လက်ဆော့ထားတာ ထင်တယ်နော်....
ဟင်း... ဒီငှက်ကတော့ အရှက်ကို မရှိပါလားနော်....
ကျောက်တုံးကို ၀ါးမျိုတယ်ဆိုတာ ဒါမျိုးထင်ပါရဲ့...ချစ်တတ်တယ်ဆိုတဲ့အကြောင်းကို ဖေါ်ကြူးထားတဲ့ ကောင်မလေးအိမ်ဖြစ်ရမယ်ဗျဒီပညာရှင်ကတော့ စစ်တုရင် ၀ါသနာအိုးပေါ့ဗျာ...ဒို့နိုင်ငံမှာ ဆင်ပေါတယ် ပေါတယ်နဲ့ ဒီလိုမျိုး ဆင်စိမ်းတော့ မရှိဘူးဗျဟိုက်... ဒါက ဘယ်သူပါလိမ့်.. မြင်းစိုင်းသား အောင်အောင်များလား....ဒီအထဲမှာ ချစ်သူနဲ့ ချိန်တွေ့လိုက်လို့ကတော့.... ဟူးးးးးးးးးငါလည်းပဲ ပျံချင်ပါရဲ့ ငှက်လိုပုံနှယ်.....သြော်... အိမ်အတွက် လုံခြုံရေးထင်တယ်....ဟင်း... ဒီသူငယ်ကလည်း လက်ဆော့နေပြန်ပြီ၊ ငါတို့က လှုပ်လို့မရပါဘူးဆိုမှ.. ဇွတ်အင်း.. ဒီအထဲကို ဘယ်အပေါက်က ၀င်ရပါ့....ပျော်တယ်.. ပျော်တယ် ဒို့များတော့ ရောင်းစားခံရမယ်...
ကျနော့သူငယ်ချင်းများ ကျေနပ် နှစ်သိမ့်နိုင်ကြပါစေ...

No comments:

Post a Comment

 

Sample text

Sample Text

Sample Text