Monday, December 12, 2011

လူ့ ဆံပင်မွေးထက် အဆပေါင်း ၁၀၀၀ ပို၍ ပေါ့သော ကမ္ဘာ့  အပေါ့ဆုံး အရာ တီထွင်

သိပံ္ပ ပညာရှင်များသည်  ကမ္ဘာ့  အပေါ့ဆုံး အစိုင်အခဲ အရာဝတ္ထု ကို တီထွင်နိုင် ခဲ့ကြောင်း နိုဝင်ဘာလ ၁၈ ရက်နေ့ သတင်းများက ဖော်ပြသည်။ ယင်းအရာ၏ နံရံသည် လူ့ ဆံပင်မွေးထက် အဆပေါင်း ၁၀၀၀ ပို၍ ပေါ့ပါးပြီး သတ္တု တစ်မျိုး ဖြစ်ကြောင်း သိရသည်။ အဆိုပါ အစိုင်အခဲကို ဖွဲ့ စည်းရာတွင် အလွန် သေးငယ်သော သတ္တု ခေါင်းပွများဖြင့် ဖွဲ့ စည်းထားပြီး ယင်းတို့ ကို ဒေါင့်ဖြတ်ရက်ယှက် ထားရာ ၎င်းတို့  အကြား၌ အပွင့် နေရာလေးများ ရှိသည်ဟု ဆိုသည်။
အဆိုပါ အရာဝတ္ထုတွင် လေက ၉၉ ဒသမ ၉၉ ပါဝင်ပြီး စွမ်းအင် စုပ်ယူ နိုင်သည့် ဂုဏ်သတ္တိ လွန်စွာ မြင့်မားသည် ဟု ဆိုသည်။ ယင်း အရာဝတ္ထု ကို နောင်အခါ၌ အပူ ထိန်းသိမ်းရေး ကိရိယာ ၊ ဘက်ထရီငုတ်များ ၊ အသံ သို့မဟုတ် တုန်ခါမှုကို စုပ်ယူနိုင်သည့်  အရာများ အဖြစ် အသုံးပြုနိုင် လိမ့်မည်ဟု ဆိုသည်။ ယင်းအရာဝတ္ထု၏ သိပ်သည်းဆသည် သုည ဒသမ ၉ မီလီဂရမ် / ကုဗစင်တီမီတာ ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text