
ကိုယ်ရေး ကိုယ်တာ အချက် အလက်များ လုံခြုံရေး အတွက် လုံခြုံ ရေးဆောဖ့်ဝဲလ်များ ထည့်ရှိမှုများ ပြားလာကြောင်း ဖုန်းဆိုင် အချို့မှ သိရသည်။ ဖုန်းဆိုင်များတွင် ဟန်းဆက် ဝယ်ယူ အသုံးပြုလျှင်ဆိုင်မှ ထည့်သွင်းပေးသော အခြေခံလုံခြုံရေး ဆိုင်ရာ application များနှင့် ပတ် သက်၍ Great Mobile မှ Software Technician ကိုကျော်သူ စိုးက “လုံခြုံရေးဆော့ဖ်ဝဲလ် တွေကို သွင်းတော့မယ်ဆိုရင် iphone မှာဆို jail -break လုပ်ပြီး၊ Android မှာဆိုရင် root လုပ်ပြီးသွင်းရပါတယ်။ကျွန်တော် တို့ဆိုင်ကထည့်ပေးတဲ့ application တွေကတော့ password protector, application protector တို့ဖြစ်ပါတယ်။ Android ဖုန်းတွေဆိုရင် တော့ Android Perfect Application lock, lock pro တို့ထည့် လို့ရပါတယ်”ဟုပြောသည်။
ဖုန်းများတွင် pattern lock ထည့်ခြင်းနှင့် code ရိုက်ထည့်ရ သည့် password ပေးထားခြင်း ဖြင့် မိမိဖုန်းကို တခြားသူများအ လွယ်တကူအသုံးမပြုနိုင်ရန် ကာ ကွယ်ထားနိုင်ကြောင်းသိရသည်။ ယခုနောက်ပိုင်း i-phone များ တွင်လည်း iphone-dock software ဖြင့် android lock များအ သုံးပြုနိုင်သဖြင့် ထည့်သွင်းအသုံး ပြုသူများလည်း များပြားလာ ကြောင်း သိရသည်။
အဆိုပါအခြေခံဆော့ဖ်ဝဲလ် များအပြင် အခြားလူကြိုက်များ သော ဆော့ဖ်ဝဲလ်များမှာ မိမိဖုန်း တွင်ရှိသော အဝင်အထွက်ခေါ်ဆို ထားသည့် ဖုန်းနံပါတ်များကို ဖျက် ပေးနိုင်သည့် call clear ဆော့ဖ် ဝဲလ်၊ မိမိအားအနှောင့်အယှက် ပေးနေသည့် ဖုန်းနံပါတ်အား ဖုန်း အတွင်းမဝင်ရောက်စေရန် တား ဆီးပေးထားသည့် black list ဆော့ဖ်ဝဲလ်၊ Wifi အသုံးပြုသူများ တွင် အဖြစ်များသည့်မေးလ်မှ တဆင့် virus ဝင်၍ ဖုန်း function နှေးသွားခြင်း၊ page တစ်ခုမှတစ်ခုသို့ ပြောင်း၍မရခြင်း များမှ ကာကွယ်ရန်ဖုန်းအတွင်းဝင် ရောက်လာသော မေးလ်များကို auto scan ဖတ်ပြီး update လုပ် ပေးသော antivirus ဆော့ဖ်ဝဲလ် များဖြစ်သည်။
ထိုသို့ဖုန်းဆိုင်များမှ ထည့် သွင်းပေးသည့် ဆောဖ့်ဝဲလ်များ အပြင် အင်တာနက်မှ တဆင့် down load လုပ်၍ထည့်သွင်း နိုင်သည့် လုံခြုံရေးဆိုင်ရာ freeware များလည်း ရရှိနိုင်ကြောင်း သိရသည်။ အဆိုပါ freeware များ သည် ဖုန်း၏ contact list ကိုဖုံး ကွယ်ပေးနိုင်ခြင်း၊ မိမိဝှက်ထား သည့် ဖုန်းနံပါတ်၏အဝင်အထွက် call များအပြင် message များ ကိုပါ hide လုပ်ပေးထားနိုင်ခြင်းတို့ ကြောင့် ထည့်သွင်းအသုံးပြုသူများ ပြားလျက်ရှိသည်။ အဆိုပါ Freeware များနှင့် ပတ်သက်၍ ကိုကျော်သူစိုးက “အင်တာနက်က download လုပ်ပြီးထည့်ရတဲ့ freeware တွေ ကို ကျွန်တော်တို့ဆိုင်မှာ ဝယ်ယူ သွားတဲ့ဖုန်းဆိုရင်တော့ အခမဲ့ ထည့်သွင်းပေးပါတယ်။ အပြင်ဖုန်း တွေကိုတော့အခကြေးငွေယူပြီးထည့် သွင်းပေးနေပါတယ်”ဟုပြောသည်။

No comments:
Post a Comment