Thursday, December 15, 2011
မန္တလေးတွင် မွေးရာပါ နှလုံးအပေါက်အား မခွဲစိတ်ဘဲ ကိရိယာဖြင့် အောင်မြင်စွာ ကုသ
မန္တလေးပြည်သူ့ဆေးရုံကြီး၊ နှလုံးဆေး ကုဌာန၌ မြန်မာ နှလုံး အထူးကု သမားတော်ကြီးများနှင့် ထိုင်း နိုင်ငံ Bangkok Heart Hospital မှ Dr.Sudaratana နှင့် Chulalongkorn University Hospital မှ ဌာနမှူး Prof. Dr. Pornthep တို့ ပူးပေါင်း ၍ မွေးရာပါ နှလုံးသွေး လက်ခံ ခန်း ၂ ခုအကြားနံရံတွင် အပေါက်ပါ နေသည့် လူနာ ၂ ဦးအား ခွဲစိတ်စရာ မလိုဘဲ၊ ပေါင်ခြံတွင် ထုံဆေးထိုး၍ ပေါင်သွေးလွှတ်ကြောမှတစ်ဆင့် အ ပေါက်ပိတ်ကိရိယာ ASD Closure Device ထည့်သွင်းကာ အပေါက်ကို ပိတ်ဆို့ပေးမှုအား အောင်မြင်စွာ ကုသ မှုပေးနိုင်ခဲ့ကြောင်း သိရှိရပါသည်။ ယခင်ကအဆိုပါ ဝေဒနာရှင်များအား မေ့ဆေးပေး၍ ရင်ညွန့်ရိုးကိုခွဲစိတ်ကာ နှလုံးကို ရပ်တန့်ပြီးအပေါက်အား ဖာ ထေးခြင်းဖြင့် ကုသမှုပေးရကြောင်း၊ လူနာသည် ဆေးရုံပေါ်တွင် အနည်း ဆုံး တစ်ပတ် သို့မဟုတ် ၁၀ ရက်ခန့် နေရကြောင်း သိရှိရသည်။ ယခုကုသ မှုမှာ ၁၅ မိနစ်မှ မိနစ် ၃၀ ခန့်သာ ကြာမြင့်ပြီး ဆေးရုံတက်ပြီးနောက် တစ်နေ့တွင်ပင် ပြန်လည်ဆင်းနိုင် ကြောင်း၊ ကုသမှုပြုပြီးနောက် လူနာ မှာ နာကျင်မှုမရှိဘဲ များစွာသက် သောင့်သက်သာရှိကြောင်း၊ ကုန်ကျမှု မှာလည်း ခွဲစိတ်မှုထက် အနည်းငယ် သာ ပိုမိုကုန်ကျကြောင်း သိရှိရသည်။ ထိုနေ့က ကုသမှုပေးခဲ့သော လူနာ ၂ ဦးမှာ အသက် ၂၆ နှစ်နှင့် အသက် ၃၈နှစ် အရွယ်ရှိပြီး ဆေးရုံမှ ကျန်း မာစွာဖြင့် ဆင်းသွားပြီဖြစ်ကြောင်း သိရှိရသည်။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment