Saturday, December 17, 2011

ရေခဲချောင်း ကို တီထွင် ခဲ့သူ ကလေးငယ်

ရေခဲချောင်း ကို တီထွင် ခဲ့သူ ကလေးငယ်
ဖရန့်အက်ပါဆန်ဟာ အသက် ၁၁နှစ်အရွယ်က ရေခဲချောင်း လုပ်နည်းကို စတင်တွေ့ ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် နောက် ၁၈နှစ်ကြာမှ စားစရာ ရေခဲချောင်း အဖြစ် တီထွင်ကာ ဈေးကွက်ထဲ ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ ၁၉၀၅ ခုနှစ်ခန့်က ဖရန့်ဟာ ဆိုဒါမှုန့်နဲ့ ရေတွေ ရောပြီး တုတ်လေးတစ်ချောင်းကို ထိုအရည်ထဲ ထည့် ထားကာ တစ်ညလုံး ဆင်ဝင်အောက်မှာ အမှတ်တမဲ့ ထားခဲ့လိုက်ပါတယ်။ အဲဒီ့ညက ဆန်ဖရန်စစ်စကိုမှာ အအေးဟာ စံချိန်ချိုးနိုင်သလောက် ဖြစ်သွားခဲ့ပါတယ်။ မနက်အိပ်ရာ နိုးတော့ သူထားခဲ့တဲ့ အရည်ဟာ အေးခဲပြီး ရေခဲချောင်း ဖြစ်နေခဲ့တာကို တွေ့ခဲ့ရပါတယ်။ သစ်သီး ရနံ့လေး တွေထပ်ထည့်ကာ Popsicle လို့ ခေါ်ဆိုခဲ့ပါ တယ်။ ဒါပေမယ့် နောက်၁၈နှစ်ကြာတဲ့အခါမှာတော့ ရေခဲချောင်း Popsicle ဟု တီထွင်လိုက်ပြီး သတ်မှတ် မှတ်ပုံတင်ကာ ဈေးကွက်ကို ဖြန့်ချိခဲ့ပါတော့တယ်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text