မုန်တိုင်း THANE(သိန်း) သည် ပိုမိုအားကောင်းလာပြီး လွန်ခဲ့သည့် ၆ နာရီအတွင်း အနောက်-အနောက်မြောက်ဘက်သို့ တစ်နာရီ ၅ မိုင်နှုန်းကျော်ကျော်ဖြင့် ရွေ့လျားခဲ့ကြောင်း၊ တည်နေရာ ခန့်မှန်းချက်မှာ -
- မြန်မာနိုင်ငံ ပုသိမ်မြို့ အနောက်တောင်ဘက် မိုင် ၆၀၀ ခန့်၊
- ကျောက်ဖြူမြို့၏ တောင်-အနောက်တောင်ဘက် ၆၆၅ မိုင်ခန့်၊
- အိန္ဒိယနိုင်ငံ ချင်နိုင်း မြို့ အရှေ့ဘက် ၄၈၅ မိုင်ခန့်၊ ပို့ဘလဲယားကျွန်း-ပို့ဘလဲယားမြို့ အနောက်စူးစူး မိုင် ၃၇၀ ခန့် တွင် ဗဟိုပြုနေကြောင်း ဒီဇင်ဘာ ၂၇ ရက် မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲ တွင် ရရှိသည့် NRL data များအရ သိရပါသည်။
မုန်တိုင်း၏ အရွယ်အစားမှာ အချင်းမိုင် ၅၆၀ ခန့် ရှိသည့် အလွန်ကြီးမားသော အရွယ်အစားဖြစ်ပြီး၊ မုန်တိုင်းဗဟိုတွင် လေတိုက်နှုန်း တစ်နာရီ မိုင် ၅၀ မှ ၆၅ မိုင် အထိ ရှိနေပါသည်။ မုန်တိုင်းဗဟိုတွင် ဒီလှိုင်း အမြင့် ၁၄ ပေ ရှိမည်ဟု JTWC ခန့်မှန်းထုတ်ပြန်ချက်များတွင် ဖေါ်ပြထားပါသည်။
Tropical Cyclone 06B THANE – NRLdata
27 Dec 2011 0000Z (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၂၇ ရက် နံနက် ၆နာရီခွဲ)
Location: 11.9 87.3
Winds: 45 knots
Central Pressure: 989 hPa
26 Dec 2011 1800Z (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၂၇ ရက် နံနက် ၀၀၃၀ နာရီ)
Location: 11.6 87.7
Winds: 50 knots
Central Pressure: 985 hPa
26 Dec 2011 1200Z (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၂၆ ရက် ညနေ ၁၈၃၀ နာရီ)
Location: 11.2 87.8
Winds: 40 knots
Central Pressure: 993 hPa




No comments:
Post a Comment