
ရှေးဟောင်းယဉ်ကျေးမှုအမွေ အနှစ်ဖြစ်သည့် ပုဂံညောင်ဦးဒေသရှိ ပြည်တွင်းပြည်ပ ခရီးသွားများ လည်ပတ်မှု အများဆုံးနေရာများတွင် အင်တာနက် WiFi, HotSpot ဖုန်းများ တပ်ဆင်သုံးစွဲ ခွင့်ရစေရန် လေ့လာမှု များပြုလုပ်နေသည်ဟု Red Link မှ သိရသည်။ "ပုဂံမှာ အင်တာနက်ရရှိဖို့ လုပ်ဆောင်ပေးနေတာ တွေ့ရှိပါ တယ်။ ပထမအဆင့် ဟိုတယ်တွေ အားလုံးနီးပါးနဲ့ လေဆိပ်မှာ သုံးနိုင် အောင် လုပ်ဆောင်နေပြီဖြစ်သလို WiFi, HotSpot ဇုန်အဖြစ် ပုဂံနဲ့ နာမည်ကြီး ဘုရားတွေနဲ့ SunSet ကြည့်လို့ရတဲ့ နေရာတွေမှာလုပ်ပေးဖို့ စီစဉ်နေကြပါတယ်"RedLink မှတာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါ WiFi, HotSpot ဇုန် များတွင် အခမဲ့ဝန်ဆောင်မှုများဖြင့် သုံးစွဲစေမည်ဖြစ်ကာ ၂၀၁၁ ခုနှစ် နိုဝင်ဘာလအတွင်းအပြီးလုပ်ဆောင် သွားရမည်ဖြစ်ကြောင်း သိရသည်။ " SunSet ကြည့်ရင်းနဲ့ ရိုက် ထားတဲ့ ဓာတ်ပုံတွေကို ချက်ချင်း အင်တာနက်ပေါ်တင်လို့ရအောင် လုပ်ပေးတာမျိုး အကောင်အထည် ဖော်ဆောင်ရွက်ပေးနိုင်ဖို့အတွက် ကြိုးစားနေတာပါ"ဟု ၄င်းက ဆက်လက်ပြောဆိုသည်။ ပုဂံညောင်ဦးဒေသအနေဖြင့် လက်ရှိကာလအထိ အင်တာနက်သုံး စွဲခွင့်ရရှိမှုအနေအထားနည်းပါးနေမှု ကို နိုဝင်ဘာလအတွင်း ဟိုတယ် များ၊ လေဆိပ်နှင့်အခြားသောနေရာ များတွင်လည်း အင်တာနက်ရရှိ အောင်ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း ကိုလည်း သိရှိရသည်။
ပုဂံဒေသတွင် ရွှေစာရံဘုရား၊ ဗူးဘုရား၊ ဧရာဝတီမြစ်ကမ်းနံဘေး နှင့် နေဝင်ချိန်အလှအပများကို ခံစား နိုင်သည့် ရွှေစည်းခုံအစရှိသည့်နေရာ များတွင် အင်တာနက် သုံးစွဲနိုင်ရေး အတွက် ဝိုင်းဝန်းစီစဉ်ဆောင်ရွက် လျက်ရှိကြောင်းနှင့် အခမဲ့အင်တာ နက် သုံးစွဲနိုင်ရေးအတွက် တာဝန် ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ပုဂံဒေသမှ ဟိုတယ် များနှင့် ညောင်ဦးလေဆိပ်တွင် Red Link မှ လေ့လာရေးပြုလုပ်သူများ က အောက်တိုဘာလ ဒုတိယပတ်အ တွင်းကသွားရောက်မှတ်တမ်းတင် မှုများအရ ဟိုတယ်အားလုံးတွင် အင်တာနက်သုံးစွဲခွင့်ရရှိအောင် လုပ် ဆောင်သွားမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။

No comments:
Post a Comment