Monday, November 21, 2011

TATA ကားအရောင်းပြခန်း ၁၀ ခန်း ဖွင့်လှစ်ရန် အစိုးရထံ လျှောက်ထား

 TATA ကားအရောင်းပြခန်း ၁၀ ခန်း ဖွင့်လှစ်ရန် အစိုးရထံ လျှောက်ထား
အိန္ဒိယ နာမည်ကျော် ကားကုမ္ပဏီ တစ်ခု ဖြစ်သည့် TATA က မြန်မာနိုင်ငံ တစ်ဝန်း ကား အရောင်းပြခန်း ၁၀ ခန်း ဖွင့်လှစ်ရန် မြန်မာ အစိုးရထံ တရားဝင် လျှောက်ထားကြောင်း ရန်ကုန် မြို့တော် ဦးဝိစာရ လမ်းရှိ တပ်မတော် ခန်းမတွင် နိုဝင်ဘာလ ၁၀ ရက်မှ ၁၃ ရက်နေ့ အထိ ပြုလုပ်သော အိန္ဒိယ ကုန်စည်ပြပွဲ အတွင်း TATA ကားပြခန်းတွင် တရားဝင် ထုတ်ပြန်ထားချက် အရ သိရှိရသည်။
မြန်မာ နိုင်ငံ၏ အဓိက မြို့ကြီးများ ဖြစ်သည့် ရန်ကုန်၊ ဖားကန့်၊ လားရှိုး၊ မုံရွာ၊ မန္တလေး၊ မကွေး၊ နေပြည်တော်၊ ပုသိမ်၊ မော်လမြိုင်၊ ဘားအံ မြို့ကြီး ၁၀ မြို့တွင် TATA ကားအရောင်း ပြခန်းများ ဖွင့်လှစ်ရန် အစိုးရထံ တရားဝင် တင်ပြထားခြင်း ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရှိရသည်။
TATA ကားများ မှာယူတင်သွင်း လိုသူများသည် ရန်ကုန်မြို့ မင်္ဂလာ တောင်ညွန့်မြို့နယ်ရှိ APEX GRTEATEST INDUSTRIAL ကုမ္ပဏီ လီမိတက်နှင့် ဆက်သွယ် နိုင်ကြောင်း အဆိုပါ ကုမ္ပဏီ တာဝန်ရှိသူ တစ်ဦး၏ အဆိုအရ သိရှိရ သည်။
မြန်မာနိုင်ငံတွင် TATA က အမေရိကန် ဒေါ်လာ သန်း ၂၀ တန် အကြီးစား ကုန်တင်ယာဉ် စက်ရုံ(မကွေး) ကို အမှတ် (၂) စက်မှု ဝန်ကြီးဌာနနှင့် ပူးတွဲ တည်ဆောက် ခဲ့ကြောင်း၊ ပထမ အဆင့်အနေနှင့် TATA ကုမ္ပဏီက ယာဉ်အစိတ်အပိုင်းများ တင်သွင်း၍ အကြီးစား မော်တော်ယာဉ် ထုတ်လုပ်သည့် စက်ရုံကို ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး ဖြစ် ကြောင်း၊ စက်ရုံ၏ ဒုတိယအဆင့် ထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းများကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် ပြီးစီးနိုင်မည် ဖြစ်ပြီး ယင်းစက်ရုံ ပြီးစီးပါက လေးတန်နှင့် ၂၁ တန် ကုန်တင်ယာဉ်များ၊ ခရီးသည်တင် ယာဉ်များအတွက် အောက်ခံ ကိုယ်ထည် သံဘောင်များ ထုတ်လုပ် သွားနိုင်မည် ဖြစ်ကြောင်း၊ ယင်းစက်ရုံသည် တစ်နှစ်လျှင် ကားစီးရေ ၁၀၀၀ ထုတ်လုပ် နိုင်ပြီး အစီးရေ ၅၀၀၀ အထိ တိုးချဲ့ ထုတ်လုပ်နိုင်စွမ်း ရှိကြောင်း TATA ကုမ္ပဏီ၏ တရားဝင် ထုတ်ပြန်ချက်များအရ သိရှိရသည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text