Saturday, November 5, 2011

iPhone အတွက် မြန်မာ - အင်္ဂလိပ် အဘိဓါန်လေးပါခင်ဗျား


iPhone အတွက် မြန်မာ - အင်္ဂလိပ် အဘိဓါန်လေးပါခင်ဗျား။ iPhone ကိုနှစ်သက်စွာ အသုံးပြုနေကြတဲ့ ကျွန်တော့် မိတ်ဆွေများအတွက် အလွန် အဖိုးတန်တဲ့ App လေးတစ်ခု လမ်းညွှန်ပေးချင်ပါတယ်... WeDictPro ဆိုတဲ့ (Myanmar - English - Myanmar) Dictionary လေးကို iPhone မှာ မြန်မာဖောင့် အသုံးပြုနိုင်အောင် ကြိုးပမ်းကြသူများကပဲ တင်ဆက်ထားပါတယ်။ OS4 ထက်နိမ့်တဲ့ Firmware တွေမှာဆိုရင်တော့ မြန်မာ Keyboard အလုပ်လုပ်နိုင်တဲ့အတွက် Eng --> Myan --> Eng အပြည့်ဝ ရှာဖွေ အသုံးပြုလို့ ရပါတယ်....

OS4 သုံးနေသူများ အတွက်တော့ Eng --> Myan တစ်မျိုးထဲသာ ယာယီအားဖြင့် အသုံးပြုနိုင်ပြီး ပညာရှင်များ က Keyboard အတွက်ပြင်ဆင်ပြီးခဲ့ရင်တော့ အပြည့်အဝ ပြန်လည် သုံးလို့ ရသွားနိုင်ပါတယ်....

သတိပြုရန်
iOS4/4.0.1 တွေမှာ မြန်မာ keyboard အလုပ်မလုပ်သေးပေမယ့် OS အဟောင်းတွေတုန်းကလို မြန်မာဖောင့်သွင်းနည်း အတိုင်း ဆက်လက်ဆောင်ရွက်ကြပါ သို့ မဟုတ်ပါက မြန်မာလိုဖတ်လို့ မရနိုင်ပါ။ (မြန်မာဖောင့်သွင်းနည်း ဒီမှာ ဖတ်ရန်)

WeDictPro ကို Install လုပ်ကြရအောင်

1) သင့် iPhone သည် jailbreak ဖြစ်ပြီးသား ဖြစ်ရန်လိုအပ်ပါတယ်(jailbreak လုပ်ရန် ဒီမှာ ဖတ်)

2) Download App HERE!!!

3) Download ဆွဲပြီးသား App file ကို သင့် iTune မှတစ်ဆင့် Apps Section ထဲသို့ သွင်းယူပါ

(i) iTune မှ Apps Section ကို ဖွင့်ပါ


(ii) File --> Add File to Library Ctrl+O --> ဖိုင်လမ်းကြောင်းရှာ App ထည့်ပါ


(iii) အောက်ပါပုံ အတိုင်း App သည် Section ထဲရောက်ပြီဆိုရင် တော့ သင့် iPhone ကို PC နဲ့ ချိပ်ဆက်ပြီး iTune နှင့် Synge လုပ်ပေးလိုက်ပါ....


WeDictPro အသုံးပြုပုံ







ဒီလောက်ဆိုရင် အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်...

သတိပေးချက်
WeDictPro အသစ်ထွက်နေပါပြီ upgrade မလုပ်မိပါစေနှင့် အသစ်တွေပါလာပေမယ့် မြန်မာအဘိဓါန် အတွက် မရနိုင်သေးလို့ ပါ..

WeDictPro ရဲ့ ပုံစံသစ်

No comments:

Post a Comment

 

Sample text

Sample Text

Sample Text