Sunday, November 6, 2011

Google+ တွင် YouTube နှင့် Chrome Features များ ပိုမို ထည့်သွင်း

ဂူးဂဲလ်က ၎င်း၏ Google+ လူမှုကွန်ယက်ထဲသို့ YouTube နှင့် Chrome တို့ကို နောက်ထပ် ပေါင်းစပ် ထည့်သွင်းထားကြောင်း ကြေငြာခဲ့သည်။

Google+ ထဲသို့ YouTube အား မည်သို့ ပေါင်းစပ်ထားသည်ကို ဂူးဂဲလ် ဘလော့ဂ်တွင် ကြေငြာခဲ့သည်။

Google+ Hangouts တွင် YouTube ဗီဒီယိုများ ပြသနိုင်စွမ်းကို ဆောင်ရွက်ခဲ့သည်။ ယခုတွင် ၎င်းအား နောက်ထပ်တဆင့်အနေဖြင့် Google+ မျက်နှာပြင်၏ ညာဘက်ထောင့်စွန်းတွင် YouTube icon ရှိရာ ၎င်းပေါ်တွင် mouse တင်လိုက်လျှင် “What would you like to play?” ဟူ၍ မေးမြန်းမှုကို ထားရှိသည်။

သင်နှစ်သက်သော ဗီဒီယိုနာမည်၊ ခေါင်းစဉ် သို့မဟုတ် သင်ကြိုက်နှစ်သက်သည့် အနုပညာရှင် သို့မဟုတ် band ကို တကြိမ် ရိုက်ထည့်လိုက်လျှင် pop-up ဝင်းဒိုးတခုပေါ်လာကာ ဆက်နွှယ်သည့် ဗီဒီယိုများ စာရင်းကိုလည်း ပြသထားသည်။ ဥပမာ။ “Beatles,” နာမည်ကို ရိုက်ထည့်ပါ၊ Beatles ဗီဒီယိုတခုသည် အလိုအလျောက် ချုံချဲ့ထားသည့် ဝင်းဒိုးတွင် စတင်ပြသနေမည်ဖြစ်ပြီး အောက်ဘက်တွင် ဆက်နွှယ်သည့် ဗီဒီယိုများ ပေးထားသည်။

YouTube ဗီဒီယိုကိုအား ရှယ်ယာရန် သင့် circle ထဲမှ တစုံတယောက်ကို ရွေးကာ ဝင်းဒိုး၏ ညာဘက်တွင် share အား click ၍ post လုပ်နိုင်သည်။

ဂူးဂဲလ် ကုမ္ပဏီက Google+ Chrome extensions နှစ်ခုကိုလည်း ကြေငြာခဲ့သည်။ ၎င်းထဲက ယထမတခုသည် ယခင် ထုတ်လွှတ်ခဲ့သည့် ဗားရှင်းဖြစ်သည့် ဝက်ဘ်စာမျက်နှာထဲသို့ +၁ ထည့်နိုင်သည့် ပုံစံနှင့် ဆင်တူသည်။ သို့သော် ယခုတွင် chrome browser ၏ ညာဘက်တွင် drop-down မျက်နှာပြင်မှ သင့် circles ဖြင့် ရှယ်ယာနိုင်သည်။ ဒုတိယ extension မှာ သင့် Chrome browser ညာဘက်ထောင့်မှ သင်၏ Google+ notifications ကို မြင်တွေ့နိုင်ရန် ပြုလုပ်ထားသည်။

Chrome browser အသုံးမပြုသူများအတွက်လည်း Internet Explorer အတွက် ဗားရှင်းသစ် Google Toolbar အား ပေးထားပြီး အဆို features သစ် နှစ်ခုလုံး ပါရှိသည်ဟု ဂူးဂဲလ်က ပြောသည်/

No comments:

Post a Comment

 

Sample text

Sample Text

Sample Text