Friday, November 4, 2011

ပူချင် သလောက်ပူပါ ကွန်ပျူတာ


ပူချင် သလောက်ပူပါ ကွန်ပျူတာ
ကွန်ပျူတာ တစ်လုံး အလုပ် လုပ်သည်မှာ ကြာ လာလျှင် အပူ ဓါတ်တက်လာ သည်ကို အသုံး ပြုသူ တော်တော် များများ သတိ ထားမိပါလိမ့် မည်။ Laptop ကွန် ပျူတာ အသုံးပြု သူများက ပို၍ သိပါလိမ့်မည်။ ကွန်ပျူတာ အတွင်း သို့ပေးသွင်းသော လျှပ်စစ် (သို့မ ဟုတ်) ဘက်ထ ရီစွမ်းအင်သည် အသုံးပြုသည့်နေ ရာသို့ချည်း မရောက်။ အပူအဖြစ် လေလွင့် သည့် စွမ်းအင်မှာ အတော်ပင်များ ပါသည်။ ကွန်ပျူတာ အပူဓါတ်ကြောင့် အတွင်းရှိ အစိတ်အပိုင်း ပျက်စီးမည် စိုးသဖြင့် ပန်ကာအ ပါအဝင် အအေးခံနည်း စနစ်ပေါင်းစုံဖြင့် အအေးခံကြ ရပါသည်။ အပူဓါတ်အထွက် နည်းစေရန်အတွက် ကွန်ပျူတာ အစိတ် အပိုင်းများ (အထူးသဖြင့် processor )တွင် စွမ်းအင် အသုံးပြုမှု နည်းအောင် ကြိုးစား လာကြရ ပါသည်။
ပမာအားဖြင့်ဆိုသော် Core i3 processor သည်လည်း 2 Core ? dual core processor သည်လည်း 2 Core အတူတူချင်းဖြစ်သော်လည်း Core i3 သည် စွမ်းအင် အသုံးပြုမှု ပိုနည်း သည့်အပြင် အလုပ်လုပ်မှု ပိုမြန်သည့် အတွက် ကွန်ပျူတာ ဖွင့်၍ အသုံးပြု ချိန်ကို ပို၍ နည်း သွားပါသည်။ ဤသည်မှာ စွမ်းအင်ကို ထိရောက်စွာ အသုံးပြုလာ နိုင်သည့် သာဓက တစ်ခုဖြစ်ပါသည်။ ထို့ထက် ထိရောက်စွာ အသုံးပြုနိုင်ရေးကို စဉ်းစားလာသည့်အခါ စွမ်းအင်အသုံး ပြုနည်းပါးရေးသာမက အလဟဿ ဆုံးရှုံးနေသော ကွန်ပျူတာမှ အပူဓါတ်ကိုပါ ပြန်လည် ရယူအသုံးပြုရန် စဉ်းစားလာပါသည်။ အဆုံးစွန်သောတစ်နေ့တွင် ကွန်ပျူတာတစ်လုံး အား ဒုတိယစွမ်းအင်ရင်းမြစ် တစ်ခုမလိုအပ်ဘဲ အသုံးချရန်ပါ ရည်ရွယ်ပါသည်။ ဤ ရည်ရွယ်ချက် အောင်မြင်ပါက တစ်နေ့တခြား အသုံးများလာသော Notebook ကွန်ပျူတာ များသည် အကျိုးထူးကိုပို၍ခံစားကြရပါလိမ့်မည်။ ကွန်ပျူတာမှထွက်သော အပူဓါတ် အား ပြန်လည် ထုတ်နှုတ်အသုံးပြုရေးကို စဉ်းစားသူမှာ Micropelt ကုမ္ပဏီဖြစ်ပါသည်။ ထိုကုမ္ပဏီ တီထွင်သောပစ္စည်းကို TE-Power Node ဟု ခေါ်ပါသည်။
TE-Power Node သည် အပူဓါတ်ထုတ်လွှတ်နိုင်သော စက်ပစ္စည်းတစ်ခုခုတွင် ချိတ်ဆက်၍အသုံးပြုရ သော ပစ္စည်းဖြစ်ပါသည်။ စက်ပစ္စည်းမှထုတ်လွှတ်သည့် လွန်ကဲသောအပူဓါတ်ကို ရယူပြီး လျှပ်စစ် စွမ်းအင်အဖြစ်သို့ ယင်းကပြောင်းလဲပေးပါလိမ့်မည်။ ယခုအချိန်တွင် ဤပစ္စည်းသည် ကွန်ပျူတာတစ်စုံလုံး အသုံးပြုရန်လုံလောက်သည့် စွမ်းအင်ကို ထုတ် လုပ်မပေးနိုင်သေး သော်လည်း ကွန်ပျူတာ တွင်တွဲဖက် ထားသည့် Wireless Sensor တစ်ခု လိုအပ်မည့်စွမ်းအင်ကိုမူ ထုတ်ပေးနိုင်ပါသည်။ Micropelt သည် ဂျာမန်ကုမ္ပဏီတစ်ခုဖြစ်ပြီး Energy harvesting နယ်ပယ်တွင် အထူးပြု ဆောင်ရွက်ပါသည်။ သူ၏စွမ်းဆောင်မှုသည် ကွန်ပျူတာ Wireless Sensor များတွင် ဘက်ထရီစွမ်းအင်မှီခိုရမှု လွတ်ကင်းသွားစေပြီး ယင်းဘက်ထရီအား ထိန်းသိမ်း စောင့် ရှောက်ရမှုမှလည်း ရှောင်လွှဲစေနိုင်ပါလိမ့်မည်။ Energy harvesting ၏ ဦးတည်ချက်မှာ အသုံးချစနစ်တစ်ခု (သို့မဟုတ်) ပစ္စည်းတစ်ခု၏ ထိစပ်ရာဝန်းကျင်တွင်ရှိသော သို့တည်းမဟုတ် ယင်းတို့မှ လေလွင့်ဆုံးရှုံးနေသော စွမ်းအင်ကိုရယူကာ လျှပ်စစ် စွမ်းအင်အဖြစ်သို့ ပြန်လည်ပြောင်းလဲနိုင်ရေးဖြစ်ပါသည်။
အဆိုပါစွမ်းအင်ဖြင့် ပစ္စည်းကိရိယာတစ်ခု အလုပ်လုပ်ရန် အထောက်အပံ့ပေးပါမည်။ ရှေ့တွင်ပြ ခဲ့သော ဥပမာအရဆိုလျှင် ဘက်ထရီစွမ်းအားသီးခြားပေးရန် သို့တည်း မဟုတ် လျှပ်စစ်စွမ်းအား အထောက် အပံ့ပေးရန် မလိုတော့သည့် Wireless Sensor မျိုး ဖြစ်ပါသည်။ Micropelt ကို ၂၀ဝ၆ ခုနှစ်တွင် ဂျာမနီပြည်၌ စတင်တည် ထောင်ခဲ့ပါသည်။ ယင်း၏ ကနဦးသုတေသန လုပ်ငန်းမှာ ဖိုင်ဘာနန်းမျှင် သုံး ဆက်သွယ်မှု စနစ် (fiber-optic communication system ) နှင့် လေဆာရောင် ခြည်သုံး ပစ္စည်းများအတွက် အအေးခံမှုစနစ် နယ်ပယ်များတွင် ဖြစ်ပါ သည်။ သို့သော် ၂၀ဝ၇ ခုနှစ်သို့ ရောက်သည့် အခါတွင် Energy harvesting သည် ကုမ္ပဏီ၏ အဓိကဦးစားပေး သုတေသနလုပ်ငန်း ဖြစ်လာပါသည်။ ၂၀ဝ၉ ခုနှစ်သို့ရောက်သည့်အခါတွင် ကုမ္ပဏီ သည် ပါဝါစားသုံးမှု နည်းသော Wireless-System များတွင် ပုံမှန်လျှပ်စစ်ဓါတ်အား အထောက်အပံ့ပေးသော စနစ်တစ်ခုကို ဖော်ထုတ်အောင်မြင်လာပါသည်။
လက်တွေ့အသုံးချလောကတွင် သူတို့၏နည်းပညာက အသုံးကျသော် လည်း ရှေ့ဈေးကွက်အနေအထားက မရေမရာ။ မရေရာသော်လည်း ဈေးကွက် ကပင်လျှင် ကုမ္ပဏီအား ဤနည်းပညာဖြင့် Wireless အသုံးချမှု သရုပ်ပြရန်နှင့် စွမ်းအင်ပြန်လည်ရရှိမှုကို ပြသပေးနိုင်သောမီတာအဖြစ် အသုံးပြုရန်ပစ္စည်းတစ်ခု တီထွင်ထုတ်လုပ်ဖို့ တွန်း အားပေးလာ ခဲ့ပါသည်။ သို့ဖြင့် စီမံကိန်း ရေးဆွဲပြီး သုံးလအကြာတွင် TE-Power Node ပထမမျိုးဆက် ထွက်ပေါ်လာပါ တော့သည်။ TE-Power Node အတွက် လိုအပ်သော Chip များကို ၂၀၁၀ ပြည့်နှစ်အလယ် တွင် Micropelt မှ စတင် ထုတ်လုပ် ပါသည်။ ၂၀၁၀ ခုနှစ်ထဲတွင် ထွက် ပေါ်လာခဲ့သော ပစ္စည်းကို Evalution Kit ဟု ကုမ္ပဏီမှ သတ်မှတ်ပါသည်။ လက်တွေ့အသုံးချ နိုင်သော ပစ္စည်း အမျိုးအစား ကိုမူ ၂၀၁၁ မကုန်မီတွင် ထုတ်လုပ်နိုင်ရန် ရည်စူးထားပါသည်။ Wireless Sensor တွင် TE-Power Node ကို အသုံးချနိုင်မည်ဟု ဆိုသော်လည်း ယင်း Sensor တို့သည် ကွန်ပျူတာ တစ်မျိုး တည်းတွင်သာ ရှိသည်မဟုတ်ပါ။ ဖိအားသုံးအဆို့ရှင် များ၏အခြေအနေကို စောင့်ကြည့်ရသည့်နေရာ၊စက်များ၏ ကြံ့ခိုင်မှုအနေအထားကို စောင့်ကြည့်ရသည့်နေရာ၊ အပူပေးမှုကို စောင့်ကြည့်ရသည့်နေရာ စသည်တို့တွင် Sensor များထားရှိပြီး တွေ့ရှိသည့်အခြေအနေကို ကြိုးမဲ့နည်းဖြင့် အချိန်နှင့်တစ်ပြေးညီ ထိန်း ချုပ်ကွပ်ကဲသူထံ ပေးပို့ရာတွင် အသုံးပြုနေကြပါသည်။
Micropelt ၏အဆိုအရ ယင်း Sensor များ အသုံးပြုနေမှုမှာ ၂၀ဝ၉ ခုနှစ်ကပင်လျှင် ယူနစ်ပေါင်း ၁ .၄ ဘီလျံရှိနေပြီ ဟု ဆိုပါသည်။ အပူဓါတ်ထုတ်လွှတ်သည့် ပစ္စည်းတစ်ခု၏ အပူချိန်သည် ယင်းအား စောင့် ကြည့်နေသော Energy harvesting unit ထက် ၁၀ ဒီဂရီစင်တီဂရိတ် ပိုနေသ၍ ကာလ ပတ်လုံး လျှပ်စစ်စွမ်းအင်ကို ထုတ်နှုတ်၍ရနိုင်ပြီး ယင်းစွမ်းအင်ဖြင့် Wireless Sensor Network တစ်ခုလုံးကို စွမ်းအင်အထောက်အပံ့ပေးနိုင်ပါသည်။ TE-Power Node သည် ယင်း၏ အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပြီး Micropelt ၏ chip များသည် Wireless Sensor များအား စွမ်းအင်အထောက်အပံ့ပေးနိုင် မည်မဟုတ်ဟူသော သံသယကိုလည်း ချေဖျက်ခဲ့ပါသည်။ သို့သော်လည်း TE-Power Node တပ်ဆင်ထားသော ကွန်ပျူတာများကိုလာမည့်နှစ် အနည်းငယ်အတွင်းတွေ့ရရန် မရှိသေးပါ။ ကွန်ပျူတာ processor က ထုတ်ပေးမည့် ပိုလျှံနေသောအပူဓါတ်ကို လျှပ် စစ် စွမ်းအင်အဖြစ်သို့ ပြောင်းပေးမည့် Energy harvesting device သည် နောက်တစ်နှစ်၊ နှစ်နှစ် (သို့မဟုတ်) မဝေးလှသည့် အနာဂတ်တွင် မြင်တွေ့ရပါလိမ့်မည်ဟု Micropelt ၏ ဒုတိယဥက္ကဋ္ဌ Habbe က ဆိုသည်။
TE-Power Node နည်းပညာသည် အခုမှ အစပျိုးကာရှိပါသေးသည်။ ကွန်ပျူတာ တွင် တပ်ဆင်အသုံးပြုရန်ထွက်လာမည့် အပြီးသတ်ပစ္စည်းသည် ယခုထက်များစွာ သေးငယ်ပြီး များစွာလည်း ဈေးသက်သာပါလိမ့်မည်။ ထို့ပြင် ယခုမြင်နေရသည့်ပုံစံ နှင့် လုံးဝကွဲပြားခြားနားသည့် ပစ္စည်းတစ်ခုလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသေးသည်။ အပြီးသတ်အဆင့် သို့ရောက် လာသည့် တစ်နေ့တွင် ထိုပစ္စည်းတို့သည် ကွန်ပျူတာ System အတွက် လိုအပ်သော စွမ်းအင်နှင့် application တစ်ခုချင်းစီက တောင်းဆို သောစွမ်းအင်တို့ကိုပါ အထောက်အပံ့ ပေးနိုင်ပါ လိမ့်မည်။ ကွန်ပျူတာ များ အတွက်သာမက အိမ်တွင်း အပူပေးစနစ် အအေးပေး စနစ်တို့တွင် လည်း သတ်မှတ် အပူချိန်မှနေ၍ သွေလွဲ မသွားရအောင် ကူညီထိမ်းသိမ်းပေးမည် ဖြစ်ပါ သည်။ ၂၀၁၃ ထဲတွင် ပေါ်ပေါက် လာရန်ရှိနေသော 22nm သုံး processor များ၏ အလုပ်လုပ် မှုနှင့် TE-Power Node တို့၏ ပြည့်ဝသော စွမ်းအားကို သာ တွဲဖက်ပေးလိုက်ရ ပါက အအေးခံမှု သီးခြား မလိုသော၊ ဘက်ထရီ အားဖြင့် အအေးခံ ပန် ကာလည်ပေးရန် မလိုသော ၂၄ နာရီမက အသုံးခံ သော Notebook များကို တွေ့ရရန် မဝေး တော့ပါပြီ။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text