Thursday, November 10, 2011

အွန်လိုင်းတွင် ရောင်းချလိုသည့် ဆိုင်ခန်းများပြား

အွန်လိုင်းတွင် ရောင်းချလိုသည့် ဆိုင်ခန်းများပြား
အွန်လိုင်းမှဈေးဝယ်သူများ အား အခမဲ့အိမ်အရောက်ပစ္စည်း ပို့ ဆောင်ပေးသည့် ဝန်ဆောင်မှု ကြောင့် ဝယ်ယူသူများပိုမိုများပြား လာပြီး အွန်လိုင်းတွင်လာရောက် ရောင်းချသူ များလာကြောင်းလည်း အဆိုပါ အစီအစဉ်ကို ဆောင်ရွက် ပေးသည့် Tlink ကုမ္ပဏီ၏ M.D ဖြစ်သူ ဦးထက်နိုင်လင်းကပြောသည်။
www.onlinemyanmarshopping.com websiteတွင် အောက်တိုဘာလ ၁ရက်နေ့မှစ၍ ဈေးဝယ်သူများအား အခမဲ့အိမ်အရောက်ပစ္စည်းပို့ဝန်ဆောင်မှုပေးခဲ့ရာ ဝယ်ယူသူများ ပိုမိုစိတ်ဝင်စား လာသည်ဟု သိရသည်။ ဝက်ဘ်ဆိုက်တွင် အွန်လိုင်းအသုံးပြု၍ ပစ္စည်းများ ရောင်းချလိုသူများ ပြားခြင်းနှင့် ပတ်သက်၍ ဦးထက် နိုင်လင်းက "ဈေးဝယ်သူတွေ အွန် လိုင်း shopping ကိုစိတ်ဝင် စား လာတာဆိုတော့ ဈေးရောင်းသူ တွေလည်း အွန်လိုင်းမှာရောင်းချရ တာကို စိတ် ဝင်စားလာပါတယ်။ စိတ်ဝင်စားကြတဲ့ ဆိုင်အများစုက လက်ဆောင် ပစ္စည်းအရောင်း ဆိုင်တွေ၊ ကွန်ပျူတာ အရောင်း ဆိုင်တွေပါ။ အရောင်းဆိုင်တွေက အွန်လိုင်းမှာ ရောင်းချဖို့စိတ်ဝင် စားလာကြတယ်ဆိုတော့ အွန်လိုင်း ဈေးရောင်းဈေးဝယ်စနစ်လည်း တိုးတက်လာလိမ့်မယ်လို့ ထင်ပါ တယ်။ အွန်လိုင်းဈေး ဝယ်တဲ့စနစ် ကို လူတွေလည်း ရင်း နှီးလာကြ ပါတယ်" ဟုပြောသည်။ အခမဲ့အိမ်အရောက်ပို့ဝန် ဆောင်မှုပေးသည့်နောက်ပိုင်းတွင် ရောင်းချထားသည့်ဆိုင်များအနေဖြင့် တစ်နေ့လျှင် အနည်းဆုံးကျပ် သောင်းဂဏန်းဝန်းကျင်ရောင်းရ ကြောင်း၊ ဝယ်ယူသူအများဆုံး ပစ္စည်းများမှာ လက်ဆောင်ပစ္စည်း များ၊ လျှပ်စစ်ပစ္စည်းများ၊ ကွန်ပျူ တာပစ္စည်းများဖြစ်သည်။
အွန်လိုင်းမှအခမဲ့ပို့ဆောင် ပေးသည့်စနစ်တွင် ရောင်းချခြင်း နှင့်ပတ်သက်၍ ဦးထက်နိုင်လင်းက "အွန်လိုင်းမှရောင်းချတဲ့လူတွေအ တွက် မိမိပစ္စည်းကိုဝက်ဘ်ဆိုက်မှာ ကြော်ငြာပြီးသားဖြစ်ပါတယ်။ အ ရောင်းဝန်ထမ်းမလိုဘဲ ရောင်းချ နိုင်မှာဖြစ်တဲ့အတွက် အရောင်းဝန် ထမ်းခန့်ထားစရာမလိုတော့ပါဘူး" ဟုပြောသည်။ ပြည်တွင်းတွင် အွန် လိုင်းမှ ဈေးဝယ်နိုင်သည့် ဝက်ဘ် ဆိုက်များ ယခုနှစ်အတွင်း ထပ်မံ လွှင့်တင်မှုများရှိလာသည်ဟုလည်း သိရသည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text