နှစ်နိုင်ငံနယ်စပ်အနီးတွင် ဆိုးလ်စစ်တပ်က အကြီးစားစစ်ရေးလေ့ကျင့်မှုပြုလုပ်ပြီး နောက်တစ်ရက်အကြာတွင် ရန်စမှုတိုင်းကို တုံ့ပြန်မှုအဖြစ် တောင်ကိုရီးယား သမ္မတအိမ်တော်ကို မီးပင်လယ်တစ်ခုအဖြစ် ပြောင်းလဲပစ် မည်ဟု မြောက်ကိုရီးယားနိုင်ငံက ခြိမ်းခြောက်ခဲ့သည်။
တောင်ကိုရီးယားနယ်စပ်အနီးရှိ ယုံပြောင်းကျွန်းကို မြောက်ကိုရီးယားနိုင်ငံမှ အမြောက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် တစ်နှစ်ပြည့်အဖြစ် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် မြေပြင်၊ ရေပြင်နှင့်လေကြောင်း လေ့ကျင့်မှုများကို တောင်ကိုရီယား စစ်တပ်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
တောင်ကိုရီးယားစစ်တပ်၏ အမြောက်လေ့ကျင့်မှုကြောင့် မြောက်ကိုရီးယားရေပိုင်နက်အတွင်း အမြောက်ကျည်ကျရောက်မှုကို တုံ့ပြန်မှုအဖြစ် ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် တောင်ကိုရီးယားနယ်စပ်ရှိ ကျွန်းကို အမြောက်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု မြောက်ကိုရီးယားနိုင်ငံက ရှင်းချက်ထုတ်ခဲ့သည်။
ယုံပြောင်းကျွန်း တိုက်ခိုက်ခံရမှု သင်ခန်းစာကို တောင်ကိုရီးယား မမေ့သင့်ဟု မြောက်ကိုရီးယား စစ်ဦးစီးချုပ်က နိုဝင်ဘာ ၂၄ ရက်နေ့က ပြောကြားခဲ့သည်။ ယုံပြောင်းကျွန်း တိုက်ခိုက်ခံရမှု တစ်နှစ်ပြည့်အဖြစ် တောင်ကိုရီးယားနိုင်ငံ၏ စစ်ရေးလေ့ကျင့်မှုကို နိုင်ငံရေးနှင့် စစ်ရေးရန်စမှုသစ်တစ်ခုဟု မြောက်ကိုရီးယားနိုင်ငံက ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားရေပိုင်နက် လေပိုင်နက်နှင့် မြေပိုင်နက်ဆီသို့ ကျည်ဆန် (သို့မဟုတ်) အမြောက်တစ်ခုကို တောင်ကိုရီးယားနိုင်ငံက ပစ်ခတ်ဝံ့မည်ဆိုပါက မီးပင်လယ်တစ်ခုသည် တောင်ကိုရီးယားနိုင်ငံ၏ သမ္မတ အိမ်တော်ကို ၀ါးမျိုသွားမည်ဟု မြောက်ကိုရီးယားနိုင်ငံက ခြိမ်းခြောက်ခဲ့သည်။ စစ်ရေးရန်စမှုတိုင်းကို တန်ပြန်တိုက်ပွဲတစ်ခုအဖြစ် တုံ့ပြန်သွားရန်အတွက် မြောက်ကိုရီးယားစစ်တပ်သည် အင်အားပြည့်အသင့်ဖြစ်နေပြီဟု စစ်ဦးစီးချုပ်က ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း ပြုံယမ်းအစိုးရ သတင်းဌာနက ထုတ်ပြန်ခဲ့သည်
Subscribe to:
Post Comments (Atom)

No comments:
Post a Comment