
သင့်အစာအိမ်ရဲ့ မျက်နှာပြင်ကို ခင်းထားတဲ့ အလွှာပါးအခင်းလိုင်နင် (Lining) ဟာ သုံးရက် သို့မဟုတ် လေးရက်တစ်ကြိမ်အသစ်လဲနေတယ် ဆိုတာ သင်သိပါသလား။ အစာအိမ် ဟာ အစာခြေဖို့အတွက် အစာခြေ အက်စစ်ပြင်းကို ထုတ်လုပ်ရပါတယ်။ အက်စစ်ဟာ အစာတွေကိုသာ လောင် စားခြေဖျက်ပေးပြီး အစာအိမ်ကိုတော့ မထိခိုက်စေဖို့အတွက် အဲဒီလိုင်နင် လေးတွေက အချွဲတွေထုတ်ပေးခြင်း အားဖြင့် ကာကွယ်ပေးထားပါတယ်။ အဲဒီလို လိုင်နင်လေးတွေသာ မရှိရင် အစာအိမ်လည်း အစာလေးတွေလိုပဲ အက်စစ်တွေရဲ့ ခြေဖျက်မှုဒဏ်ကို ခံရမှာ မလွဲပါဘူး။

No comments:
Post a Comment