မလေးရှားနိုင်ငံ အရှေ့မြောက်ပိုင်း ဒေသများတွင် ရေ ကြီးမှုများ ဖြစ်ပွားခဲ့ရ သဖြင့် ထောင်ပေါင်း များစွာသော မိသားစုများမှာ အိမ်ယာမဲ့ ဖြစ်ခဲ့ရပြီး ကလေးငယ် သုံးဦးလည်း သေဆုံးခဲ့ရကြောင်း သိရသည်။Terengganu နှင့် Kelantan ပြည်နယ် များတွင် မြစ်ရေများ လျှံတက်ခဲ့သဖြင့် အစိုးရ တာဝန်ရှိသူများမှာ လူပေါင်း ၃၅၀၀ ကို ယာယီခို လှုံရာ ဒေသများသို့ ရွှေ့ပြောင်း ပေးခဲ့ရကာ ထိခိုက် သေဆုံးမှုသတင်းကိုမူ ရရှိခဲ့ခြင်း မရှိကြောင်း DPA သတင်းတွင် ကြာသပတေးနေ့က ဖော်ပြခဲ့သည်။
လက်ရှိ အချိန်အထိ Terengganu ပြည်နယ်မှာ အဆိုးရွားဆုံး ထိခိုက်သည့် ဒေသတစ်ခု ဖြစ်ပြီး လူပေါင်း ၂၆၀၀ ကို နေရာေ ရွှ့ပြောင်း ပေးခဲ့ရကြောင်း သိရသည်။ Kelantan ပြည်နယ် အနီးတွင်လည်း ကလေးငယ် သုံးဦးမှာ ရေထဲတွင် နစ်မြုပ်ခဲ့ရပြီး အခြား မိန်းကလေး တစ်ဦးမှာလည်း ပျောက်ဆုံးနေေ ကြာင်း ဒေသခံမီဒီယာတွင် ဖော်ပြခဲ့သည်။
တာဝန်ရှိသူများ၏ အပြောအရ ၎င်းတို့ အနေဖြင့် များပြားသည့် ရေလွှမ်းမိုး မှုများ အတွက် ပြင်ဆင် ထားပြီး ဖြစ်သည်ဟု ပြောခဲ့ကာ ယခုနှစ်အတွက် ရာသီဥတု ကြိုတင်ခန့်မှန်းချက်အရ ယခင်နှစ်ကထက် စာပါက မုတ်သုံရာသီကာလ မိုးရွားသွန်းမှုမှာ ၄၀ ရာနှုန်း ပိုမိုရွာသွန်းခဲ့ကြောင်းလည်း သိရသည်။ မလေးရှားနိုင်ငံ တွင် နှစ်စဉ် ကမ်းရိုးတန်း ပြည်နယ်များ အတွင်း ရေကြီးမှု ဖြစ်စဉ် များ ဖြစ်ပွားလေ့ရှိပြီး ထောင်ပေါင်း များစွာသော ပြည်သူ များကို နေအိမ်များမှ ထွက်ခွာ စေခဲ့ကြောင်းလည်း သိရသည်။

No comments:
Post a Comment