Saturday, November 19, 2011

ခရီးသွားရန် အကောင်းဆုံး ၁၀နိုင်ငံ စာရင်းတွင် မြန်မာနိုင်ငံပါဝင်

7_10_34_4
ကမ္ဘာလှည့် ခရီးသွားများ၏ ယုံကြည်မှု ရရှိထားသော Lonely Planet ခရီးသွား လမ်းညွှန်စာအုပ်က ရွေးချယ်သော ၂၀၁၂ ခုနှစ် ခရီးသွားရန် အကောင်းဆုံး ၁၀ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံ ပါဝင်လာကြောင်း သတင်း ရရှိသည်။ Lonely Planet က ရွေး ချယ်ခဲ့သော ၂၀၁၂ ခုနှစ် ကမ္ဘာ့ အကောင်းဆုံး ခရီးသွား ၁၀ နိုင်ငံ ထဲတွင် ပထမအဖြစ်ယူဂန်ဒါ၊ ဒုတိယနိုင်ငံအဖြစ် မြန်မာနိုင်ငံအား ဖော် ပြထားပြီး တတိယအဖြစ် ယူကရိန်း နိုင်ငံအားဖော်ပြထားသည်။
နေအိမ်အကျယ်ချုပ်မှ ဒေါ်အောင်ဆန်းစုကြည် လွတ် မြောက်လာပြီး အဖွဲ့လိုက် မဟုတ် သော ခရီးသွားများအား မြန်မာ နိုင်ငံသို့ ပြန်လည် လာရောက်ရန် ဖိတ်ခေါ်ခဲ့သော ဆုံးဖြတ်ချက် ကြောင့်ဖြစ်သည်ဟုလည်း ဖော် ပြထားသည်။ ဒီသတင်းက မင်္ဂလာ သတင်း ပဲ၊ ဆုရတာထက် ပိုကောင်းတယ်။
ဒီနာမည်မပျက်အောင် ဆက် ထိန်းသိမ်းရမယ်ဟု ရန်ကုန်မြို့ အခန်း ၃၀ပါ ဟိုတယ်ဖွင့်လှစ်ထား သော ဟိုတယ်ပိုင်ရှင်တစ်ဦးက ရွေးချယ်ခံရခြင်းနှင့် ပတ်သက်၍ ပြောကြားသည်။မြန်မာနိုင်ငံနှင့်ပတ်သက် ၍ Lonely Planet က ထုတ်ပြန် ချက်တွင် ရွှေတိဂုံစေတီတော် အကြောင်းအား ဖော်ပြထားပြီး တောင်ကုန်းများ၊ သဲအဖြူရောင် ကမ်းခြေများ၊ ဝိုင်းရံထားသော စွန်ပုံသဏ္ဌာန်ရှိသည့် နိုင်ငံဟုညွှန်းဆိုထားသည်။
ဆိုထားသ ည်။ ထို့အပြင်နိုင်ငံအတွင်း၌လည်း ရှေး ဟောင်း မြို့များ၊ မရေတွက်နိုင်သော သော ဘုရားများနှင့် ပုဂံဒေသအ ကြောင်းကိုလည်း ဖော်ပြထား သည်။ တခြားစိတ်ဝင်စားစရာက ကမ္ဘာမှာ သဘောအကောင်းဆုံး လူသားတွေ အဲဒီမှာရှိတယ် ဟုလည်း တင်စားထားသည်။ Lonely Planet ခရီးသွား လမ်းညွှန်စာအုပ်သည် ကမ္ဘာ့လှည့် ခရီးသွားများ လက်စွဲစာအုပ်ဖြစ် ပြီး ယခင် ဩစတြေးလျနိုင်ငံက ထုတ်ဝေခဲ့သော်လည်း ပြီးခဲ့သည့် နှစ်ကစ၍ ဘီဘီစီသတင်းဌာနသို့ ရောင်းချခဲ့ကြောင်း သိရသည်။
Lonely Planet က ၂၀၁၂ ခုနှစ်အတွက် ရွေးချယ်ခဲ့သော ခရီးသွားရန်အကောင်းဆုံး ၁၀နိုင်ငံ မှာ ယူဂန်ဒါ၊ မြန်မာ၊ ဂျော်ဒန်၊ ဂျာဗား၊ ယူကရိန်း၊ ဒိန်းမတ်၊ ဘူတန်၊ ကျူးဘား၊ နယူးကာလီ ဖိုး နီးယား၊ ထိုင်ဝမ်နှင့်ဆွစ်ဇာလန် နိုင်ငံတို့ဖြစ်သည်။ ၂၀၁၁ခုနှစ်က လည်း ထိုကဲ့သို့ ရွေးချယ်ခဲ့ပြီး ရွေး ချယ်နိုင်ငံတွင်ပါဝင်ခဲ့သည့် ဂျပန် နိုင်ငံက ထိုနှစ်ကစ၍ ကမ္ဘာလှည့် ခရီးသည်များ တိုးတက်ရရှိလာခဲ့ ကြောင်း ခရီးသွားလုပ်ငန်း လုပ် ကိုင်သူတို့က သုံးသပ်သည်။
ယခုနှစ် ခရီးသွားရာသီအ တွက် ဒီဇင်ဘာလအထိ ရရှိထား သော စာရင်း ဇယားများအရ ယမန် နှစ်ကထက် ၂၅ရာခိုင်နှုန်း တိုး တက်လာနိုင်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးက သုံးသပ်ထားပြီး နိုဝင်ဘာလအတွက် ရန်ကုန်မြို့ ရှိဟိုတယ်များ အခန်းပြည့် ရရှိထားကြောင်း သိရသည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text