Monday, November 14, 2011

တူရကီအရှေ့ပိုင်းတွင် ငလျင်လှုပ်မှုကြောင့် လူ ၂၇ ဦးသေဆုံး

w77_14
  တူရကီနိုင်ငံအရှေ့ပိုင်းတွင် နိုဝင်ဘာလ ၉ ရက်ညပိုင်းက ငလျင်တစ်ခုလှုပ်ခတ်မှုကြောင့် နိုဝင်ဘာလ ၁၁ ရက်တွင် သေဆုံးသူ ၂၇ ဦးရှိ လာခဲ့ပြီး လူ ၂၈ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း အစိုးရက ထုတ်ပြန်သည်။
အသက်ရှင်ကျန်ခဲ့သူ ၂၆၀ ဦးကို မြို့တော်အစ္စတန်ဘူလ်၊ အန်ကာ ရာမြို့များသို့ ပို့ဆောင်ခဲ့ကြောင်း အကျပ်အတည်းဖြေရှင်းရေးစင်တာက ထုတ်ပြန်ခဲ့သည်။ ပြင်းအား ၅ ဒသ မ ၇ အဆင့်ရှိ ငလျင်ကြောင့်  အရေးပေါ် ယာယီတဲ၁၃၆၃ လုံးကိုဗန်(Van) ပြည်နယ်သို့ပေးပို့ခဲ့ကြောင်း Anatolia သတင်းဌာနက ဖော်ပြခဲ့သည်။  ငလျင်လှုပ်ခတ်ရာ အနီးတစ်ဝိုက်ရှိ ကျောင်းများကို ဒီဇင်ဘာလ ၅ ရက်နေ့အထိ ပိတ်ထားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ သေဆုံးသူအချို့မှာ ဟိုတယ်နှစ်လုံးပြိုကျမှုကြောင့်ဖြစ်သည်ဟု ဒုတိယ၀န်ကြီးချုပ် Besir Atalay က ပြောကြားခဲ့သည်။
တူရကီနိုင်ငံတွင် အောက်တို ဘာလ ၂၃ ရက်ကလည်း ပြင်းအား ၇ ဒသမ ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် လူ ၅၀၀ ကျော်သေဆုံးခဲ့ ကာ အဆောက်အဦ ၂၅ လုံးပြိုကျခဲ့ကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text