Saturday, November 19, 2011

ဆေးလိပ်ဖြတ်ဖို့ ဆေးလိပ်

ဆေးလိပ်ဖြတ်ဖို့ ဆေးလိပ်
ဆေးလိပ်ဖြတ်မယ့်သူများ အတွက် Mini Electronic Atomizer ကို စီးကရက်နဲ့ ပုံစံတူထုတ် လုပ်ထားတယ်။ ဆေးလိပ်သောက် နေတဲ့ အနံ့၊ အရသာကို ခံစားရပေ မယ့် 'နီကိုတင်း'ဓါတ် မပါပါဘူး။ ဘက်ထရီပါတဲ့ စီးကရက်ကိုယ် ထည်ကို USBကြိုးနဲ့ အားသွင်းရ တယ်။ ဆေးလိပ်သောက်ချင်စိတ် ဖြစ်ပေါ်လာတဲ့အခါ ဖင်စီခံတပ်ဆင် ပြီး သောက်ရုံပါပဲ။ စီးကရက်ကိုယ် ထည်က မီးခိုးမထွက်ပေမယ့် ဖွာရှိုက်လိုက်တိုင်း စီးကရက်ထိပ်က မီးလိုလင်းတယ်။ ခံတွင်းမှာတော့ စီးကရက်သောက်သလို ခပ်ရှိန်းရှိန်းလေး၊ ပူနွေးနွေးအနံ့၊ အရသာကို ခံစားရ မယ့်အပြင် မီးခိုးထွက်မှာပါ။ အား သွင်းထားတဲ့ ဘက်ထရီမကုန်မချင်း ဆက်တိုက်သောက်လိုက သောက်၊ တစ်ပိုင်းတစ်စရပ်လိုက ရပ်ထားနိုင် တယ်။ ဖင်စီခံတစ်ခုကို အကြိမ် (၁၅၀)ဖွာရှိုက်နိုင်ပြီး (၇) ခုပါတစ် ထုပ်ကို ကျပ် ၇၀ဝ၀ ဖြင့် မန္တလေး မြို့၊ ၃၅ လမ်း၊ ၇၄x၅၅ လမ်းကြား နဲ့ I-Kit Digitalဆိုင်များမှာ ဝယ် ယူရရှိနိုင်တယ်။ ဖုန်း ဝ၂-၆၉၉၄၄၊ (ဝ၉) ၄၉၂၂၁၉၉၁၊ ၉၁၀ဝ၆၂၄၀၊ ၉၁၀ဝ၅၄၉၀ တို့သို့လည်း ဆက် သွယ်ဝယ်ယူနိုင်တယ်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text