
မွေးကင်းစကလေးသေဆုံးမှု များကို လေ့လာမှု ဖောင်ဒေးရှင်း (Foundation for the Study of Infant Deaths- FSID) မှ ပါမောက္ခ ဂျော့ဟေးကော့စ်က ချိုလိမ်ကို ပေးထားမှ အိပ်ပျော်တဲ့ ကလေးများ က ချိုလိမ်မရှိတဲ့ ကလေးများထက် ရုတ်တရက်နှင့် မမျှော်လင့်ဘဲ သေ ဆုံးရမှု အလားအလာ ပိုမိုနည်းပါး ကြောင်း သုတေသန လေ့လာချက် အများအပြားက ညွှန်းဆိုထားတာ ရှိပါတယ်လို့ ပြောကြားတယ်။ FSID ရဲ့ အကြံပေးချက်က ဒီလို ပါ။ သင့်ကလေးတစ်လမပြည့်မီ ချိုလိမ်ကို မပေးပါနှင့်ဦး။ ကလေး အိပ်ပျော်နေစဉ် ချိုလိမ်ပါးစပ်ထဲက ထွက်ကျနေတာမျိုးရှိရင် ပူပန်ဖို့မလို ပါ။ ချိုလိမ်စို့ဖို့တော့ ကလေးကို အတင်းအကျပ် မလုပ်ပါနှင့်။ ချိုလိမ်ကို ချိုတဲ့အရာ တစ်မျိုးမျိုးနှင့် သုတ်လိမ်း တာမျိုး ဘယ်တော့မှ မလုပ်ပါနှင့်။

No comments:
Post a Comment