နယူးယောက်တက္ကသိုလ်က ဆရာတစ်ဦးဖြစ်တဲ့ ဗျူနိုဒီမက်စကွိုင်း တား - Bueno de Mesquita ဟာ တိကျတဲ့ နိုင်ငံရေးခန့်မှန်းချက်တွေ ကို ထုတ်ပေးနိုင်ခဲ့တဲ့ အတွက် ထင် ရှားကျော်ကြားလာခဲ့ပါတယ်။ ၂ဝ၁ဝ ခုနှစ်၊ မေလတုန်းက အီဂျစ်သမ္မတ မူဘာရက်ဟာ ရာထူးက တစ်နှစ် အတွင်းထွက်ပေးရမယ်လို့ ခန့်မှန်းခဲ့ ပါတယ်။ ကိုးလအကြာမှ မူဘာရက် ဟာ လူထုအြုံ<ွကမှုကြောင့် ကိုင်ရိုမြို့ က ထွက်ပြေးခဲ့ရပါတယ်။ ၂ဝဝ၈ ခုနှစ်၊ ဖေဖော်ဝါရီလမှာလဲ ပါကစ္စ တန်သမ္မတ ပါးဗက်မူရှာရက်ဖ်ဟာ လာမယ့် နွေရာသီမတိုင်မီ ရာထူးက အနားယူရမယ်လို့ ခန့်မှန်းခဲ့ပါတယ်။ စက်တင်ဘာလမရောက်မီမှာပဲ မူရှာ ရက်ဖ်ဟာ ရာထူးက ဆင်းပေးခဲ့ရ ပါတယ်။ အီရန်မှာ ဘာသာရေး ခေါင်းဆောင် အယာတိုလာ ခိုမာနီ မကွယ်လွန်မီ ငါးနှစ်ခန့်ကပဲ သူ ကွယ်လွန်ရင် ဆက်ခံမယ့် ခေါင်း ဆောင်ကို ခန့်မှန်းခဲ့ပါတယ်။ အဲဒီ အချိန်လောက်ကစပြီး မက်စကွိုင်း တား ဟာ အမေရိကန် အစိုးရ နိုင်ငံ ခြားရေးဌာန၊ ပင်တဂွန် စစ်ဌာန ချုပ် ထောက်လှမ်းရေး အေဂျင်စီတွေ အပြင် အချို့ နိုင်ငံခြား အစိုးရတွေ အတွက်ပါ နိုင်ငံရေး ခန့်မှန်းချက် ပေါင်း ရာနဲ့ချီပြီး ထုတ်ပြန်ပေးခဲ့ရ တယ်လို့ သိရပါတယ်။ သူ့အောင်မြင် မှုရဲ့ လျှို့ဝှက်ချက်ဟာ ဘာလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ သူက ''ကျွန်တော်ဟာ အကြား အမြင် ရနေသူတစ်ဦးမဟုတ်ပါဘူး။ ကျွန်တော့်မှာရှိတဲ့ ဂိမ်းသီအိုရီ ဆော့ဖ် ဝဲ- Game Theory Software က ခန့် မှန်းပေးတာပါ''လို့ ပြောပါတယ်။ ဗျူနိုဒီမက်စကွိုင်းတားရဲ့ ဂိမ်း သီအိုရီဆော့ဖ်ဝဲဟာ ကွန်ပျူတာမို ဒယ် -Computer Model တစ်ခုဖြစ် ပါတယ်။ အရင်က ဂိမ်းသီအိုရီဆိုတာ သင်္ချာပညာရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပြီး အဓိကအားဖြင့် ဘောဂဗေဒ ပညာရှင်တွေက စီးပွားရေးနဲ့ ပတ် သက်တဲ့ခန့်မှန်းချက်တွေမှာ အသုံးပြုခဲ့ ပါတယ်။ အထူးသဖြင့် ဒီသီအိုရီကို အသုံးချသိပ္ပံ ပညာရပ်တစ်ခုအဖြစ် ပုံ ဖော်ပေးခဲ့သူကတော့ ဟန်ဂေရီနွယ် ဖွား အမေရိကန်သင်္ချာပညာရှင်-John Von Neumann (၁၉ဝ၃-၁၉၅၇) ပဲ ဖြစ်ပါတယ်။ ဗျူနိုဒီမက်စကွိုင်းတား ရဲ့ နိုင်ငံရေး ဂိမ်းသီအိုရီဆော့ဖ်ဝဲမှာ တော့ ခန့်မှန်းပေးရတဲ့ ခေါင်းဆောင် တွေ၊ ပလေရာတွေ၊ ညှိနှိုင်းဆွေးနွေး သူတွေ၊ လုပ်ငန်းရှင်ကြီးတွေ၊ နိုင်ငံရေး ပါတီတွေနဲ့ အဖွဲ့အစည်းတွေရဲ့ ရည် မှန်းချက်တွေ၊ စေ့ဆော်မှုတွေ၊ ထားရှိ တဲ့ တန်ဖိုးပုံစံတွေနဲ့ တည်ဆောက် ထားပါတယ်။ အဲဒီကွန်ပျူတာ မိုဒယ် တွေက ခန့်မှန်းပေးရတဲ့ ပလေရာ တွေရဲ့ ဦးတည်ရာလမ်းကြောင်း၊ သူ တို့ဆောင်ရွက်သင့်တဲ့ လုပ်ငန်းလမ်း ညွှန်ချက်၊ ရင်ဆိုင်ရမယ့် တခြား ပုဂ္ဂိုလ်တွေအပေါ် လွှမ်းမိုးအောင် ဆောင်ရွက်ရမယ့် အစီအစဉ်တွေကို ခန့်မှန်းပေးပါတယ်။ ဥပမာ အီဂျစ် သမ္မတ မူဘာရက်ရဲ့ သြဇာအာဏာ ကျဆင်းမှုဟာ အမေရိကန်နိုင်ငံက အကူအညီငွေတွေဖြတ်တောက်လိုက် တဲ့အတွက် သူ့ရဲ့စစ်တပ်နဲ့ လုံခြုံရေး အဖွဲ့အစည်းတွေကို မထိန်းသိမ်းနိုင် ခဲ့လို့ဖြစ်တယ်ဆိုတဲ့ အချက်ကိုတွေ့ရှိ ခဲ့ပါတယ်။ ဗျူနိုဒီမက်စကွိုင်းရဲ့ Mesquita & Roundell ကုမ္ပဏီဟာ ဥပဒေ အဖွဲ့ အစည်းတွေ၊ ကုမ္ပဏီတွေနဲ့ အစိုးရ အဖွဲ့တွေအတွက် အကြံပေးရတဲ့ ကုမ္ပဏီတွေထဲက တစ်ခုပဲဖြစ်ပါ တယ်။ နိုင်ငံရေးကိစ္စတွေအတွက် ပါ ဝင်ပတ်သက်နေကြတဲ့ ပလေရာတွေ ရဲ့သတင်းအချက်အလက်တွေကို ဆော့ဖ်ဝဲထဲ ထည့်သွင်းရာမှာ အလွန် ခက်ခဲ ရှုပ်ထွေးတတ်ပါတယ်။ ဒတ်ခ်ျလုပ်ငန်းတစ်ခုဖြစ်တဲ့ Reinier Van Oosten of Decide ဟာ ဥရောပ သမဂ္ဂနိုင်ငံတွေမှာ နိုင်ငံရေး ညှိနှိုင်း ဆွေးနွေးမှုနဲ့ မဲဆွယ်စည်းရုံးမှုတွေ အတွက် ခန့်မှန်းအကြံဥာဏ်ပေးရတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ အဲဒီ လုပ် ငန်းရဲ့ အတွေ့အကြုံအရ မုန်းတီး မှုအခြေခံတဲ့ လှုပ်ရှားမှုတွေအတွက် ခန့်မှန်းရတာခက်ခဲတတ်ပြီး ငွေကြေး ရရှိမှုအတွက် လှုံ့ဆော်လှုပ်ရှားတဲ့ ကိစ္စတွေမှာတော့ လွယ်ကူတတ် တယ်လို့ သိရပါတယ်။ ဒါကြောင့် နိုင်ငံရေးထက် စီးပွားရေးလုပ်ငန်း တွေမှာ ဂိမ်းသီအိုရီဆော့ဖ်ဝဲဟာ ပိုမို အသုံးဝင်တယ်လို့ ဆိုနိုင်ပါတယ်။ ၂ဝဝ၅ ခုနှစ်အတွက် ဂိမ်းသီအို ရီနဲ့ပတ်သက်ပြီး ဘောဂဗေဒပညာ ရပ်မှာ နိုဘယ်ဆုရရှိခဲ့တဲ့ ဂျေရုဆလင် ဟီဘရူးတက္ကသိုလ်မှ Rebert Aumann က လေလံဆွဲတဲ့ နေရာမှာ တော့ ဂိမ်းသီအိုရီဟာ အထူးအောင် မြင်မှုရနိုင်တယ်လို့ ထောက်ပြခဲ့ပါ တယ်။ ဒါကြောင့် ယခုအခါ အကြံ ပေး ကုမ္ပဏီအများအပြားဟာ ကုန်ကျစရိတ် နည်းနည်းနဲ့ လေလံ အောင်မြင်စွာ ဆွဲနိုင်အောင် ဆောင် ရွက်ပေးလာနေကြပါတယ်။ ဥပမာ ၂ဝဝ၆ ခုနှစ်မှာ အမေရိကန် ပြည် ထောင်စုဆက်သွယ်ရေး ကော်မရှင် က ရေဒီယို စပက်ထရမ်လိုင်း လိုင် စင်- Radio Spectrum Licence အတွက် အွန်လိုင်းကလေလံတင်ခဲ့ ရာမှာ ဂိမ်းသီအိုရီဆော့ဖ်ဝဲအသုံးပြုတဲ့ စတန်းဖို့ဒ် တက္ကသိုလ် မှ ပါမောက္ခ တစ်ဦးဖြစ်သူ Paul Milgrom ရဲ့ အကြံပေးမှုကြောင့် Time Warner နဲ့ Comcast ကုမ္ပဏီကြီးနှစ်ခုဟာ ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံ သက်သာပြီး လေလံ ကို အောင်မြင်စွာ ဆွဲနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒတ်ခ်ျအကြံပေးကုမ္ပဏီ တစ်ခု ဖြစ်တဲ့ Decide ဟာ မိမိရဲ့ ဂိမ်းသီ အိုရီဆော့ဖ်ဝဲကို အသုံးပြုပြီး ပြဿနာ တစ်ရပ်ကို ဖြေရှင်းပေးရရင် ဝန် ဆောင်ခ ယူရိုငွေ ၂ဝဝဝဝ ကနေ ၇ဝဝဝဝ (အမေရိကန်ဒေါ်လာ ၂၈ဝဝဝ ကနေ ၁ဝဝဝဝဝ) အထိ ယူပါတယ်။ ဂိမ်းသီအိုရီ ဆော့ဖ်ဝဲ အနေနဲ့ ပြဿနာတွေကို အလျင်အ မြန်ဖြေရှင်းပေးပေမယ့် အဲဒီလို ဖြေ ရှင်းနိုင်အောင် သတင်းအချက် အလက်တွေ အများအပြား ရှာဖွေစု ဆောင်းရပါတယ်။ လစာကောင်း ကောင်းပေးရတဲ့ ကျွမ်းကျင်တဲ့ ဝန် ထမ်းတွေလေ့ကျင့်ပြီး ခန့်ထားရပါ တယ်။ Decide ရဲ့ ဖောက်သည် တွေကတော့ နယ်သာလန်အစိုးရ အဖွဲ့အစည်းတွေ၊ ဒတ်ခ်ျ ဘဏ်ကြီး တစ်ခု၊ ကွန်ပျူတာ ကုမ္ပဏီကြီးတွေ ဖြစ်တဲ့ IBM နဲ့ ABN AMRO တို့ ဖြစ်ကြတယ်လို့ သိရပါတယ်။ ၂ဝဝ၇ ခုနှစ်မှာ အမေရိကန် စစ်ဌာနချုပ်ဟာ ဗျူနိုဒီမက်ကွိုင်း တား ကို အကယ်၍ အမေရိကန် လေယာဉ်တင်သင်္ဘောကြီး တစ်စီး ဟာ မြောက်ကိုရီးယားရေပိုင်နက် အနီး ချဉ်းကပ်ခဲ့ရင် ဖြစ်ပေါ်လာနိုင် တဲ့ အကျိုးဆက်တွေကို ဂိမ်းသီအို ရီဆော့ဖ်ဝဲနဲ့ ခန့်မှန်းပေးဖို့ လျှို့ဝှက် သတင်းအချက်အလက်တွေ ပေးပြီး ခိုင်းခဲ့ဖူးပါတယ်။ ဒါ့အပြင် ပါကစ္စ တန်နိုင်ငံအတ်ဘူတာဘတ်မြို့မှာ ပုန်းအောင်းနေတဲ့ အိုစမာဘင်လာဒင် ကိုရှာဖွေရာမှာလဲ ဂိမ်းသီအိုရီဆော့ဖ်ဝဲ ဟာ အဓိက အခန်းကဏ္ဍက ပါဝင် ခဲ့တယ်လို့ဆိုပါတယ်။ ဘာစီလိုနာတက္ကသိုလ်၊ စီးပွား ရေး တက္ကသိုလ်မှ ပါမောက္ခ Dr. Ponsati က အစ္စရေးနဲ့ ပါလစ္စတိုင်း ပြဿနာ ညှိနှိုင်းဆွေးနွေးပွဲတွေလို တစ်ဘက်နဲ့ တစ်ဘက် လိပ်ခဲတည်း လည်းဖြစ်နေတဲ့ ညှိနှိုင်းပွဲမျိုးတွေမှာ ဖြန်ဖြေသူတွေထက် ဂိမ်းသီအိုရီ ဆော့ဖ်ဝဲကို အသုံးပြုပြီး နှစ်ဘက် သဘောတူညီနိုင်တဲ့ အချက်တွေကို ရှာဖွေဖော်ထုတ်နိုင်တယ်လို့ ထောက် ပြခဲ့ပါတယ်။ ယခုအခါ လင်မယား သဘောထားချင်း မကိုက်ညီဘဲ ကွာ ရှင်းလိုမှုလို ပြဿနာတွေ ဖြေရှင်းပေး နိုင်တဲ့ ဂိမ်းသီအိုရီဆော့ဖ်ဝဲမျိုးတွေ ပေါ်ပေါက်လာနေပါတယ်။ ကယ်လီ ဖိုးနီးယားတက္ကသိုလ်က ဂိမ်းသီအိုရီ ဝါဒီတစ်ဦးဖြစ်တဲ့ Barry O' Neill က အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို လင် မယားနှစ်ဦးစလုံးဆီက မေးမြန်းပြီး သူတို့ရဲ့ ပြဿနာကို ညှိနှိုင်းဖြေရှင်း ပေးနိုင်ကြောင်း ပြသခဲ့ပါတယ်။ လောလောဆယ် စစ်ဖြစ်နေကြ တဲ့ နိုင်ငံတွေမှာ ဂိမ်းသီအိုရီဆော့ဖ်ဝဲ အသုံးပြုပြီး စစ်ရပ်စဲအောင်ညှိနှိုင်း ဆွေးနွေးနိုင်သေးတာ မရှိသေးပေမယ့် တစ်နေ့ကျရင် စစ်ခံတွင်းဝနားရောက် နေတဲ့ နိုင်ငံတွေအနေနဲ့ ဒီလိုစစ်ဖြစ် ရင် တစ်ဘက်နဲ့တစ်ဘက် သတ်ဖြတ် ကြလို့ သေရမယ့် လူ့အသက်တွေ၊ ပျက်စီးဆုံးရှုံးရမယ့် ဓနဥစ္စာ ပစ္စည်း တွေကို ခန့်မှန်းတွက်ချက်လာနိုင်တဲ့ အပြင် နှစ်ဘက်ညှိနှိုင်း ဖြေရှင်းလို့ရ မယ့်အချက်တွေလဲ တွေ့ရှိလာနိုင်စရာ ရှိကြောင်းပါခင်ဗျား။ |
Wednesday, November 9, 2011
အနာဂတ်ကို ဟောကိန်းထုတ်နိုင်တဲ့ ဂိမ်းသီအိုရီ ဆော့ဖ်ဝဲ
Subscribe to:
Post Comments (Atom)


No comments:
Post a Comment