Tuesday, November 8, 2011

လက်သည်းတွေကို ဖဲပြားဒီဇိုင်းလေးတွေနဲ့ အလှဆင်ကြမယ်


လက်သည်းကို အလှဆင်တာကို ကြိုက်တဲ့ပျိုပျိုမေတို့အတွက် လုပ်ရလွယ်ပြီး လှလည်းလှတဲ့ လက်သည်းပုံစံလေးတွေကို ဖော်ပြသွားမှာပါ။ ပျိုပျိုတို့ကလည်း ကိုယ်တိုင်အလှဆင်လို့ရတယ်။ ကိုကိုတို့ကလည်း ချစ်ချစ်တွေကို ပြောပြလို့ရတယ်။ ကိုယ်တိုင်လုပ်ပေးလိုက်ရင် အရမ်းကိုအချစ်တွေတိုးသွားမှာ သေချာတယ်။ :D ခု လက်သည်းလေးတွေကို ဖဲပြားဒီဇိုင်းလေးတွေနဲ့ အလှဆင်ရအောင်နော်။
လိုအပ်တဲ့ပစ္စည်းများ
-    Base Coat
-    အရောင်ဖျော့ လက်သည်းနီ
-    ရေဆေးများ
-    စုတ်တံ
-    အလက်လေးတွေပါတဲ့ လက်သည်းနီ
-    Top Coat
စလုပ်ကြမယ်
အဆင့် (၁)
 လက်သည်းကို Base Coat အရင် ဆိုးလိုက်ပါ။

အဆင့် (၂)
Base Coat ခြောက်သွားတဲ့အခါ အရောင်ဖျော့ လက်သည်းနီကို ကိုယ်လိုချင်တဲ့ အရောင်ဆိုးပါ။


အဆင့် (၃)
ပြီးတော့ စုတ်တံ ရေဆေးတို့ကို သုံးပြီး ဖဲပြားပုံလေးတွေ ဖော်ပါ။ လက်တချောင်းနဲ့ တချောင်းမတူတဲ့ အရောင်လေးတွေနဲ့ ကာလာစုံဖဲပြားလေးတွေဆို ပိုလှတယ်နော်။

အဆင့် (၄)
ကာလာစုံဖဲပြားလေးတွေကို အနက်ရောင်ရေဆေးနဲ့ အနားကွပ်ပေးပါ။ လက်ငြိမ်ဖို့တော့ လိုတယ်နော်။ :D

အဆင့် (၅)
ပြီးတော့ အလက်လေးတွေပါတဲ့ လက်သည်းနီထဲက အလက်လေးတွေကို ယူပြီး ကာလာစုံဖဲပြားလေးတွေဘေးက နေရာလွတ်လေးတွေမှာ ကပ်ပေးပါ။ အလက်လေးတွေကိုယူတဲ့အခါ သွားကြားထိုးတံလေးနဲ့လည်း ယူလို့ရတယ်နော်။


အဆင့် (၆)
အားလုံးနေရာတကျနဲ့ လှလှပပလေးဖြစ်သွားပြီဆိုရင်တော့ အပေါ်က Top Coat လေး ဆိုးပေးပါ။


ကဲ.. ခုဆို ရင်နှင်းလက်သည်းလေးတွေ အရမ်းချစ်စရာကောင်းသွားပြီ။ သူငယ်ချင်းတို့ လုပ်ကြည့်ပြီးရင်လည်း အရမ်းချစ်စရာကောင်းတဲ့ ကာလာစုံဖဲပြားလေးတွေကြောင့် ကိုယ့်လက်သည်းလေးတွေကိုကိုယ်ကြည့်လို့မ၀ပဲနေတော့မှာပဲနော်

No comments:

Post a Comment

 

Sample text

Sample Text

Sample Text