
လန်ဒန်မြို့၊ အောက်တိုဘာလ (၁၇)ရက်နေ့ သတင်းတစ်ရပ်ဖော် ပြချက်တွင် ယခု ၂၀၁၁ ခုနှစ်၌ အသက် (၁၀ဝ) ပြည့် အင်္ဂလန် နိုင်ငံသား အိန္ဒိယ
လူမျိုးတစ်ဦး ဖြစ်သူ မစ္စတာဖါဥကာသည် လန် ဒန်မြို့မှ ကနေဒါနိုင်ငံသို့ ခရီးဝေး စွန့်ကာ ရောက်ရှိလာခဲ့ပြီး တိုရွန် တိုမြို့ (Toromto) တွင် ကျင်းပ ပြုလုပ်ခဲ့သော မာရသွန်စုပေါင်း အပြေးပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ဗိုလ်စွဲသွားခဲ့သည်ဆိုသည်။ နေ့ချင်း ညချင်းဆိုသလို ကမ္ဘာ့အသက် အကြီးဆုံး မာရသွန်အပြေးပြိုင်ပွဲ ပါဝင်သူအဖြစ်ဖြင့် ကမ္ဘာ့စံချိန်မှတ် တမ်းဝင်ခဲ့သည်ဟု အံ့ဩစွာတွေ့ရှိ ရသည်။ မစ္စတာဖာဥကာသည် လွန်ခဲ့ သော ၁၉၁၁ ခုနှစ်က အိန္ဒိယနိုင် ငံတွင် မွေးဖွားပြီး အင်္ဂလန်နိုင်ငံ လန်ဒန်မြို့သို့ လွန်ခဲ့သည့် ၁၉၆၀ ပြည့်နှစ်ကပင် ပြောင်းရွှေ့နေထိုင်ခဲ့ ရာ ယနေ့အထိဖြစ်သည်။ ၄င်းသည် လယ်သမားတစ် ဦးဖြစ်ပြီး သားငါးလျှော့စားကာ ဟင်းရွက်ဟင်းသီး၊ သစ်သီးဝလံ ဝ၀လင်လင် စားတတ်သူဖြစ်ပြီး အငြိမ်မနေဘဲ လှုပ်လှုပ်ရှားရှား လုပ်ကိုင်တတ်၏။ ထို့ကြောင့် ၄င်းက ယနေ့အထိ သက်ရှည် ကျန်းမာလျက်ရှိသည်ဟု ဆိုသည်။ ပုံမှာ အလယ်ပုဂ္ဂိုလ်မှာ အသက် (၁၀ဝ) ပြည့် အိန္ဒိယလူမျိုးအင်္ဂလန် နိုင်ငံသား မာရသွန် အပြေးချန်ပြီယံ မစ္စတာ ဖာဥကာ ဖြစ်သည်။

No comments:
Post a Comment