Saturday, November 12, 2011

လမ်းဆုံများ၌ ခုံးကျော်တံတား သို့မဟုတ် မြေအောက် ကားလမ်း ဖောက်လုပ်ရန်ရှိ

ရန်ကုန်မြို့၌ ယာဉ်ကြောပိတ် ဆို့မှု ဖြစ်ပွားလျက်ရှိသည့် လမ်းဆုံ လမ်းခွများတွင် ခုံးကျော်တံတား သို့မဟုတ် မြေအောက် ကားလမ်း ဖောက်လုပ်နိုင်ရန် အတွက် ပြည်ထောင်စု အစိုးရအဖွဲ့ထံသို့ တင်ပြထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး စည်ပင် သာယာရေး ဝန်ကြီး ဦးလှမြင့်က လွှတ်တော် အစည်းအဝေး၌ ပြောကြားခဲ့သည်။
ရန်ကုန်မြို့တော်မှာ စီးနင်း အသုံးပြုနေတဲ့ မော်တော်ယာဉ်တွေ များပြားလွန်းတဲ့အတွက် လမ်းဆုံလမ်းခွတွေမှာ ယာဉ်ကြောပိတ်ဆို့ မှု များပြားတယ်။ မြေပေါ် ဒါမှ မဟုတ် မြေအောက် ကားလမ်း ဖောက်လုပ်ဖို့ လိုအပ်ပါတယ်။ ဒီ လမ်းတွေ ဖောက်လုပ်နိုင်ဖို့ ပမာဏ မြေတိုင်းတာမှုအဆင့်သာ ရှိသေး တယ်။ ဘဏ္ဍာငွေများစွာ ကုန်ကျ မှာ ဖြစ်တဲ့အတွက် လမ်းတွေတိုး ချဲ့ ဖောက်လုပ်နိုင်ဖို့ ပြည်ထောင်စု အစိုးရအဖွဲ့ကို တင်ပြထားတယ် ဟု အထက်ပါ ပုဂ္ဂိုလ်က လွှတ်တော် အစည်းအဝေးတွင် ကိုယ်စားလှယ် တစ်ဦး၏ မေးမြန်းချက်အား ပြန် လည် ဖြေကြားခဲ့သည်။
အဆိုပါ လမ်း တံတားများ တိုးချဲ့ဖောက်လုပ်ရေးများ ကိစ္စရပ် အား စမ်းချောင်းမြို့နယ်၊ မဲဆန္ဒ နယ် အမှတ်(၁)မှ ဦးဋ္ဌေးအောင်မှ မေးခွန်း မေးမြန်းခဲ့ခြင်း ဖြစ်ကာ ရန်ကုန်မြို့ရှိ လူစည်ကားရာ နေရာများ ဖြစ်သော လှည်းတန်း၊ မြေနီကုန်း၊ ရွှေဂုံတိုင်၊တာမွေ လမ်းဆုံများသည် ယာဉ်ကြော ပိတ်ဆို့မှု များပြားသည့် အတွက် ခရီးသွားပြည်သူများ အချိန်များစွာ ကုန်ဆုံးနေရသဖြင့် ခုံးကျော်တံတား သို့မဟုတ် မြေ အောက်ကားလမ်း ဖောက်လုပ်နိုင် ရန် အစီအစဉ် ရှိ/ မရှိ၊ ဖော်လုပ်ရန်အစီအစဉ်ရှိပါက မည်သည့်ကာလ တွင် ဖောက်လုပ်နိုင်ရန် စီစဉ်ထား ကြောင်း သိရှိလိုသည့်အတွက် မေး မြန်းခြင်း ဖြစ်သည်။
အထက်ပါ နေရာများသည် လမ်းလေးခွဆုံရာနေရာများ ဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့မှု အစဉ်ဖြစ်ပွား လျက်ရှိသည့်နေရာများ ဖြစ်ကာ ယာဉ်တစ်စီးဖြတ်သန်းရန် မီးပွိုင့် စောင့်ရသည့် ကြာမြင့်ချိန်မှာ ၁၅ မိနစ်မှ မိနစ် ၃၀ ခန့်အထိ ကြာမြင့် တတ်ကြောင်း ရန်ကုန်မြို့နေ ပြည် သူများမှ ပြောသည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text