Tuesday, November 29, 2011

တစ်ပတ်ရစ် ကား အရောင်း စင်တာ ကုမ္ပဏီ သုံးခုမှ စတင် ဖွင့်လှစ်မည်

ပြည်တွင်း၌ ပထမဦးဆုံး အနေဖြင့် တစ်ပတ်ရစ် ကားအရောင်း စင်တာအား ကုမ္ပဏီသုံးခု မှ စတင်ဖွင့်လှစ် ခွင့်ရရှိထားပြီး ပြည်ပမှ ကား အစီးရေ ၅၀၀ ကျော်ကိုဒီဇင်ဘာလ အတွင်း တင်သွင်းရောင်းချသွား မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။ ယင်းကဲ့သို့ တင်သွင်းရောင်းချခွင့်အား ပြည်တွင်းမှ SANDRA Service ကုမ္ပဏီ၊ SAKURA Technical Services ကုမ္ပဏီနှင့် Diamond Auto Service ကုမ္ပဏီတို့မှရရှိသွားခြင်းဖြစ်သည်။
“ဒီဇင်ဘာလ ဒုတိယ အပတ်ထဲမှာပဲ စပြီးဖွင့်ဖြစ်လိမ့်မယ်။ ရန်ကုန် မှာ အရင်ဆုံးဖွင့်မှာပါ။ ရန်ကုန် ဈေးကွက်ကိုအဓိကပေါ့။ နောက်ပိုင်းအ ခြားမြို့တွေမှာလည်း ဖွင့်ဖို့ အတွက်စီစဉ်သွားမှာပါ။ ကား အမျိုးအစား တွေကတော့ လက်ရှိတင်သွင်းခွင့်ပေးထားတဲ့ ကား အမျိုးအစားတွေပါ ပဲ။ ကျွန်တော်တို့ ကုမ္ပဏီရဲ့ ရန်ကုန်က အရောင်းစင်တာကိုတော့ အရင်က အရောင်းပြခန်းနေရာဖြစ်တဲ့ ချယ်ရီ ဥယျာဉ်မြို့တော်မှာပဲ ဖွင့်မှာပါ” SAKURA Technical Service ကုမ္ပဏီမှ ဦးအောင်နိုင် ထွန်းကပြောသည်။ တင်သွင်း ရောင်းချရာတွင် SAKURA Technical Service ကုမ္ပဏီမှ ကားအစီးရေ ၃၀၀ စီးကို နေပြည်တော်နှင့် ရန်ကုန်၊ SANDRA Service ကုမ္ပဏီမှ ကားအစီးရေ ၁၃၇ စီးကိုရန် ကုန်နှင့် မန္တလေးမြို့ များတွင် အသီးသီးဖွင့်လှစ် ရောင်းချ ပေးသွားမည် ဖြစ်ပြီး Diamond Auto Service ကုမ္ပဏီမှ ရန်ကုန်တိုင်း ဒေသကြီး အတွင်း၌ ကားအစီးရေ ၁၀၀ စီးကို တင်သွင်း ရောင်းချပေးသွားမည် ဟုသိရသည်။ ယခုလို ဆောင်ရွက်ရာ၌ ကားတင်သွင်းခွင့် အား ကုမ္ပဏီ ၏ တင်သွင်းခွင့်နှင့် ယာဉ်အို ယာဉ်ဟောင်းလဲလှယ်မှု အတွက် တင်သွင်း ခွင့်ရရှိထားသော ကားအမျိုးအစား များကိုသာ တင်သွင်း ရောင်းချပေး သွားမှာ ဖြစ်ကြောင်း သိရသည်။
တစ်ပတ်ရစ် ကားအရောင်းစင်တာ (Used Car Sale Centre) ဖွင့်လှစ်ရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန သို့ထပ်မံ၍ လျှောက်လွှာ ပေးပို့ထားသော ကုမ္ပဏီခုနစ်ခု ခန့်ရှိ နေပြီး သက်ဆိုင်ရာမှ ယင်းကုမ္ပဏီများကိုလည်း ကွင်းဆင်း စစ်ဆေးကာ စင်တာ ဖွင့်လှစ်ခွင့်ပေးနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text