သည့် အရသာရှိရှိ ဟင်းပွဲတွေကတော့ ထောင်နဲ့ သောင်းနဲ့ ချီပြီးလာရောက်ကြသည့်သူတိုင်းအကြိုက်တွေ့ 
နိုင်ကြမယ်မထင်ပါဘူး...
အကြောင်းရင်းကတော့ ထိုမြို့ ဟာ ကမ္ဘာပေါ်မှာတော့ အရသာအရှိဆုံးခွေးသားဟင်း ကိုချက်ပြုတ်တည်ခင်း
ရောင်းချနိုင်တာဖြစ်တယ်လို့ ဒေသအတွင်းမှာတော့ လူသိထင်ရှားပါတယ်...
လွန်ခဲ့ သည့် ရက်သတ္တပါတ်ရဲ့ ရုံးပိတ်ရက်များမှာ စတင်ခဲ့ သည့် တစ်ပါတ်ကြာ ပွဲတော်မှာ ခွေးသားဟင်းအ
ရသာကို မြည်းစမ်းအကဲခတ်ကြမယ့် ကျွမ်းကျင်သူများအတွက်ခွေးအကောင်ပေါင်း၁၅၀၀၀ ကျော်ကိုသတ်
ဖြတ် ချက်ပြုတ်ခဲ့ ကြပါတယ်...

ထိုဒေသမှ လယ်သမား၊ မွေးမြူရေးသမားများကတော့ ခွေးသားဟင်းကောင်းကောင်းအတွက် ခွေးမျိုးပေါင်း
များစွာကို သေချာကျန မွေးမြူတတ်ကြလို့ လူသိထင်ရှားကြပါတယ်...
" ( အဲဒီခွေးသားဟာ ) တစ်ခြားအသားတွေလိုပါပဲ... တိရိစ္ဆာန်အကောင်ငယ်လေးတွေရဲ့ အသားဟာ ပိုပြီး
နူးညံ့ ပြီး ချိုသလို အကောင်ကြီးတဲ့ ခွေသားကလည်း လေးလေးပင်ပင်နဲ့ အသားဓါတ်အရသာပိုပါတယ် "
လို့ ဒေသခံတစ်ဦးဖြစ်သူ လူဟင်း ကရှင်းပြပါတယ်...

" ခွေးသားဟင်း ဟာတရုတ်ပြည်မှာတော့ လူကြိုက်များတဲ့ ဟင်းတစ်ခွက်ဖြစ်ပါတယ်.... ကျွန်တော်တို့ ဒေသ
ကတော့ အဲဒီခွေးသားဟင်းကို စတင်ခဲ့ တဲ့ မူလအစဖြစ်ပါတယ်...
ဒီခွေးသားဟင်းပွဲတော်ကိုလည်း ကျွန်တော်တို့ ဒေသမှာပဲ လွန်ခဲ့ သည့် နှစ်အနည်းငယ်ကပင်စတင်ကျင်းပ
ခဲ့ ပြီး အကောင်းဆုံးခွေးသားဟင်းကိုဒီ ယုလင်း ဒေသမှာသာရနိုင်ပါတယ်ဆိုတာ လူတိုင်းလက်ခံလာအောင်
ပြသ နိုင်ခဲ့ ပါတယ်...
ဒါကြောင့် မို့ လည်း ကျွန်တော်တို့ ဟာ ဒီပွဲတော်ကို စီမံဖန်တီးခဲ့ ပြီး ဒီပွဲတော်ကို လာရောက်ကြသည့် ပရိတ်
သတ် အရေအတွက်ကိုကြည့် ချင်းအားဖြင့် ကျွန်တော်တို့ ဒေသက ခွေးသားဟာ ဘယ်လောက်ကောင်းသ
လဲဆိုတာ လူတိုင်းကလက်ခံအသိအမှတ်ပြုတယ်ဆိုတာ သိသာနိုင်ပါတယ်..." လို့ သူကဆက်ပြောပြခဲ့ ပါ
တယ်...

တရုတ်နိုင်ငံ၊ ဘေကျင်းမြို့ တော်တွင် မီးဖိုပေါ်၊ ဆီအိုးထဲတွင် ဘ၀ဇတ်သိမ်းရတော့ မည့် 
ခွေးများ ထရပ်ကားလှောင်အိမ်ထဲတွင် မြင်ရစဉ်...
တရုတ်နိုင်ငံတွင်တော့ ... အထူးသဖြင့် နိုင်ငံတောင်ပိုင်း(ရွှေပြည်ကြီးနှင့် နီးသည့် ) ပြည်နယ်များတွင်
တော့ ကိုပြီးလူကြိုက်များကြပါတယ်..." ကျန်းမာရေးအတွက် ဆေးဖြစ်ဝါးဖြစ် အထောက်အကူလည်းဖြစ်သည်ဟု ယုံကြည်ကြသည့်အတွက် " ချို
မြိန်ရသာ အသားဟင်းလျာ " ဟုထိုဒေသတွင် ခေါ်ကြသည့် ခွေးသားဟင်းကို တရုတ်နိုင်ငံမှာတော့ နှစ်ပေါင်း
ထောင်နှင့် သောင်းနှင့် ချီပြီးရှိခဲ့ ပြီဟုဆိုပါတယ်...
သို့ သော်လည်း ထိုကဲ့ သို့ ခွေးသားဟင်းအတွက် (ခွေးများကိုသတ်ဖြတ်ရတာဟာ) တိရိစ္ဆာန်များကို ရက်
စက်မှုအဖြင့် စိုးရိမ်ပူပန်မှုများ ယခုနှစ်များအတွင်း ပိုမိုထွက်ပေါ်လာခဲ့ ကြပါတယ်...
အစိုးရတာဝန်ရှိပုဂ္ဂိုလ်များအနေနှင့် ယခုအခါမှာတော့ ခွေးသားစားခြင်းကို တရားဝင်တားမြစ်နိုင်မည့် ဥပဒေ
တစ်ရပ်ရေးဆွဲဖို့ အဆိုပြုနေကြပါတယ်...
လွန်ခဲ့ သည့် ၂၀၀၈ ခုနှစ်တွင်ကျင်းပခဲ့ သည့် အိုလံပစ်အားကစားပြိုင်ပွဲကာလများအတွင်း နိုင်ငံခြားတိုင်း
ပြည်များမှ လာရောက်သူများအား မနှစ်မြို့ ဖွယ်ဖြစ်ခြင်းမှ ကာကွယ်နိုင်ရန် ခွေးသားဟင်းကို တရားဝင်အား
ကစားပြိုင်ပွဲဆိုင်ရာ စားသောက်ဆိုင်များမှ တားမြစ်ပယ်ရှားခဲ့ ပါတယ်

No comments:
Post a Comment