Saturday, October 15, 2011

ကိုယ်ပိုင်အိမ်လေးမှာ slideshows လေးလုပ်ပြီ အလှဆင်ကြမယ်♦

ကိုယ်ပိုင်အိမ်လေးတွေကို လှပအောင် ပုံစံအမျိုးမျိုးနဲ့ အလှဆင်ကြမယ်နော် ကိုယ်အိမ်လေးလန်းတော့တော့ သူများပိုလာချင်တာပေါ့ အဲဒီတော့ ဒီလိုလုပ်ပါလား (ဟိုလိုလုပ်ပါလား ဟီးးးး) စတာပါအပျော်ပေါ့
ကျွန်တော်ကတော့ ကိုယ်အိမ်လေးကို အမြဲတမ်းလှပအောင်ပြင်လေ့ကျင့်ရှိတယ်
အဲဒီအတွက်လဲ စိတ်ချမ်းသာတယ် ပီတိဖြစ်မိတယ် ကိုယ်သူငယ်ချင်းတွေလာတော့လဲ
အမြင်လေး ဆန်းတော့ အဆင်ပြေတာပေါ့ ကဲ လေပေါနေတာနဲ့ပဲ
ကဲ...စမယ်နော် ပုံလေးတွေနဲ့ ရှင်းပြထားပါတယ်
လိုက်လုပ်ကြည့်နော် သူငယ်ချင်း
မသိသေးတဲ့သူငယ်ချင်းများအတွက်ပါ

♦ဒီနေရာလေးကနေသွားပါ♦

ပုံမှာပြထားတဲ့အတိုင်း Sign Up လုပ်ပါခင်ဗျာ

Full Name . ဖြည့်မယ် .. Your Email . ဖြည့်မယ် .. Your Passward ထည့်မယ် ..
ပြီးရင် Sign Up ကို ကလစ်လိုက်ပါ
အောက်မှ ပြထားတဲ့ပုံလေးကတော့ Slideshows နဲ့ Photo Edit လုပ်လို့ရတဲ့
နေရာလေး နှစ်ခုကို ပြထားတာပါ စမ်းကြည့်ပေါ့ လန်းတာတော့ အလန်းတွေချည်ပဲ
ဒီနေရာလေးကတော့ ဓါတ်ပုံယူတဲ့နေရာလေးပါ ကိုယ်ထည့်မည့်ပုံလေးတွေရွေးပေါ့
နာမည်ပါ လှလှလေး ပေးရင် ပိုကြည့်လို့ကောင်းတယ်
ကဲ့ အဲဒီနေရာမှာ အရေးကြီးတယ်နော် ကိုယ်ပြုတဲ့ဟာလေး လန်းလန်းလေးဖြစ်ချင်တယ်ဆိုရင်
ဒီနေရာလေးမှာ အတက်နိုင်ဆုံး ကိုကြိုတ်နှစ်သက်ရာကို ရှာထည့်ပါ အများကြီးပဲနော်
စိတ်ကြိုတ်ဖြစ်သွားပြီဆိုရင်တော့ Save (get code) ကနေ ဆေ့လိုက်ပါတော့

ဒီပုံလေးမှာ ပြထားတဲ့အတိုင်း My Slide ကိုကလစ်ပြီး ရှာရမှာ ဖြစ်ပါတယ်
ကိုယ့်လုပ်ပြီးသားဟာလေးကို ကလစ်လိုက်နော်
Embed ကိုကလစ်ပြီး ကုဒ်ယူရမှာနော်
ဘာလိုလိုနဲ့ ကုဒ်လေးတွေတောင်ရလာပြီနော် အဲဒီကုဒ်လေးတွေကို Copy ယူပြီး
ကိုယ်ပိုင်အိမ်လေးထဲကိုသွားပါ
ပြင်ဆင်ရန်)ဆိုတာကို ကလစ်လိုက်ရင် အောင်ပါပုံလေးတိုင်ပေါ်လာပါလိပ်မယ်လို့
ကုဒ်တွေအားထည့်ပြီးရင် သိမ်းလိုက်နော် ဒါဆို သူငယ်ချင်းလိုချင်တဲ့
အိမ်လှလှလေး ဖြစ်သွားပြီ
ကဲ အောက်ကပုံလေးလို ဖြစ်သွားရင်တော့ အဆင်ပြေသွားပါပြီ
♦ဒီနေရာလေးကနေသွားပါ♦
ဘယ်နေရာမှာ ထည့်ရမယ်ဆိုတာ ရှင်းမပြတော့ဘူးနော် အပေါ်မှာ တစ်ခုရှင်းပြပြီးသားမို့ပါ
အဆင်ပြေပါစေဗျာ

No comments:

Post a Comment

 

Sample text

Sample Text

Sample Text