Saturday, October 29, 2011

shutdown, restart စသည်များကို shortcut လုပ်ထားမယ်

ကျနော် အရင်ပို့စ်မှာ shutdown shortcut ကို virus တစ်ခုအနေနဲ့ ပြောခဲ့ပါတယ်။ အပြောင်အပျက် လုပ်လို့ရရုံပါ။ အခု အဲဒါလေးတွေ ပြန်သုံးပြီး မိမိ အတွက် အသုံးတည့်တဲ့ shortcut လေး အဖြစ်ထား ထားရအောင် ။ window ကို shutdown လုပ်ဖို့ restart လုပ်ဖို့ တွေအတွက် start ကိုသွား ဟိုနိုပ် ဒီနိုပ် လုပ်နေရတာနဲ့ စာရင် shortcut ကြိုက်တဲ့ သူတွေ အတွက် အဆင်ပြေပါတယ်။

Desktop ပေါ်မှာ R-Click လုပ် New - shortcut ကိုနိုပ် ။ ပေါ်လာတဲ့ box မှာ

shutdown.exe -s -t 0 လို့ရေးပါ။


Image Hosting by Picoodle.com

ှShutdown အတွက် - shutdown.exe -s -t 0
Restart အတွက် - shutdown.exe -r -t 0
Logoff အတွက် - shutdown.exe -l -t 0
For hibernation အတွက် - rundll32.exe PowrProf.dll, SetSuspendState Hibernate

t နောက်က 0 နေရာမှာ shutdown ကျစေချင် တဲ့ စက္ကန့် ထည့်ရေးနိုင်ပါတယ် ။(ဥပမာ- t 60 ဆိုရင် ၆၀ စက္ကန့်ကြာ မှ shutdown ကျမှာဖြစ်ပါတယ်။)

အပေါ်ကအတိုင်းရေးပြီးရင် Next ။ ပေါ်လာတဲ့ box မှာ ဖိုင်နာမည်ပေး ပြီး finish နိုပ်ပေါ့ ။

/ကူးလို့ပြီးပါပြီခင်ဗျာ။

အောင်မြင်စွာကလိကြပါကုန်လော့....

No comments:

Post a Comment

 

Sample text

Sample Text

Sample Text