Saturday, October 29, 2011

Online Converter...... အလန်းလေးနော်။

Online-Converter.jpg
           စိတ်ညစ်ညစ်နဲ့ အွန်လိုင်းပေါ် ထင်ရာမြင်ရာ လျှောက်သွားရင်း ရှာဖွေတွေ့ရှိလာတယ့် ဆိုဒ်ကလေးပါ။ ဒီဆိုဒ်ကလေးမှာ Media File တွေ Document File တွေကို ကိုယ်ကြိုက်တယ့် Formet ပြောင်းခိုင်းလို့ရပါတယ်။ ဘာ Software မှ Install လုပ်စရာမလိုတယ့် Online Converter လေးပါ။ သီချင်းတွေကို Mp3, ACC, စတယ့် Format ကိုပဲပြောင်းပြောင်း Video File Mp4, 3gp, mkv စတယ့် Format ကိုပဲပြောင်းပြောင်း အိုစုံစုံပြောရရင် .doc Format ကိုတောင်မှ ဘာ Software မှမလိုပဲ .Pdf File အနေနဲ့ ပြောင်းပေးလို့ရပါတယ်။ ဆိုဒ်လိပ်စာကတော့ www.online-convert.com ဖြစ်ပါတယ်။
 
Online Converter2
          အဲဒီဆိုဒ်ကို စဝင်သွားပြီဆိုတာနဲ့ ဒီလိုမျိုးတွေ့ရမှာပါ။ အဲဒီမှာ ကိုယ်ကြိုက်နှစ်သက်တယ့် ကိုယ်ပြောင်းချင်တယ့် အမျိုးအစားပေါ်မူတည်ပြီး Converter Type ပေါ်မှာရှိတယ့် Drop Down Menu လေးထဲမှာ ကိုယ်ပြောင်းမယ့် Target Forဒုmat ကိုရွေးပေးလိုက်ပါ။ ပြီးရင် နောက်တစ်မျက်နှာမှာ ကိုယ်ပြောင်းချင်တယ့် File လေးကို Browse လုပ်ပေးလိုက်ယုံပါပဲ။ သုံးရတာ အရမ်းကိုအဆင်ပြေပါတယ်။ ကိုယ်ဘာ File Type ကိုပဲပြောင်းချင်ပြောင်းချင် လွယ်လွယ် ကူကူနဲ့ Internet Connection လေးရှိနေယုံနဲ့ ပြောင်းလို့ရနိုင်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ ကိုယ်ကြိုက်တယ့် သီချင်းလေးတွေကို Mp3, Mp4, ပြောင်းဖို့အတွက် ဒါမှမဟုတ် ကိုယ်ရေးထားတယ့် စာလေးတွေကို Ebook ပြောင်းဖို့အတွက် အင်တာနက်ပေါ်မှာ Converter တွေလိုက်ရှာနေရတယ့် ဒုက္ခတွေ ကင်းဝေးနိုင်ကြပါစေလို့ ဆုတောင်းရင်း...........
စေတနာများစွာဖြင့်...........

No comments:

Post a Comment

 

Sample text

Sample Text

Sample Text