
အီးမေးလ်ပရိုဂရမ် အတော်များ များသည် အသုံးပြုသူ၏မေးလ်များကို သိမ်းဆည်းရန်အတွက် folderကို
အ သုံးပြုစေပါသည်။ ထို့ကြောင့် ဝင်လာ သောစာအား အမျိုးအမည်ခွဲခြား လိုက်လျှင်Spam folder, Junk folder နှငWorkrelated folder အသီးသီးသို့ သက်ဆိုင်သလို ဝင်ရောက်သွားသည် ကို တွေ့ရပါမည်။ ဂျီမေးလ်ကမူ အ သုံးပြုသူအား ရွေးချယ်ပိုင်ခွင့်နှစ်ရပ် ကို ပေးပါသည်။ ယင်းမှာ စာများကို folder များတွင် သိမ်းဆည်းခွင့်နှငlabel သတ်မှတ်၍ သိမ်းဆည်းခွင့်တို့ဖြစ်ပါ သည်။အီးမေးလ်အသုံးပြုသူ အတော် များများမှာ သူတို့၏စာများကိုfolder များထဲတွင် ထည့်သွင်းသိမ်းဆည်းရ သည်ကို သဘောကျပါသည်။ ရွှေ့ ချင်သည့်folder ထဲသို့ အလွယ်တကူ ရွှေ့နိုင်သောကြောင့် ဖြစ်ပါလိမ့်မည်။ သို့သော် labelတပ်၍သိမ်းဆည်းခြင်း က folderထဲတွင် သိမ်းဆည်းခြင်း ထက် အားသာချက်များရှိပါသည်။ ယင်းမှာInbox ထဲ ဝင်လာသော စာများကို နေရာရွှေ့စရာမလိုဘဲlabel တစ်ခုအောက်တွင် စုစည်းနိုင်ခြင်း label Label အောက်ရှိစာများကို sorting လုပ် ခြင်းကဲ့သို့သော အရည်အချင်းမျိုး ဖြစ်ပါသည်။ အသေးစိတ်ပြောရမည်ဆိုလျှင် ပြောနိုင်သောအရည် အချင်းများလည်းရှိပါသေးသည်။ အရေးပါသောအချက် တစ်ခုမှာ မိမိ၏စာများကို မည်သည့် Folder ထဲသွင်း မိကြောင်း သတိရရန်မလိုအပ်ခြင်းပင်။
ထို့ပြင် စာတစ်စောင်ကိုLabelပေါင်းများစွာအောက်၌ ထည့်သွင်းသိမ်းဆည်းနိုင်ခြင်းကလည်း အားသာချက် တစ်ခုဖြစ်ပါသည်။ ထို့ကြောငGoogle သည် စာများသိမ်း ဆည်းရာတွငFolderထက်ပို၍ အားသာသော Labelစနစ် ကို ဦးစားပေးရွေးချယ်ခဲ့ပါသည်။ စာရှုသူအနေဖြင့် Label တစ်ခုသတ်မှတ်၍ စာများကိုသိမ်းဆည်းပြီးသည့်အခါ ဂျီ မေးလ်မြင်ကွင်း၏ ဘယ်ဘက်တွင်ရှိသောLabelနေရာ တွင်နှိပ်၍ဖြစ်စေ၊ Search box တွင်Label အမည်ကို ရိုက် ထည့်၍ဖြစ်စေ အဆိုပါLabel အောက်တွင်ရှိသော စာများ ကို အလွယ်တကူကြည့်ရှုနိုင်ပါသည်။ စာတစ်စောင်သည် Label အမျိုးမျိုးအောက်တွင်ထည့် သွင်းနိုင်သည့် အခြေအနေရှိလျှင် ထိုသို့ပြုလုပ်နိုင်ပါလိမ့် မည်။
ဥပမာ - မိမိ၏ဖခင်သည် မိမိအလုပ်လုပ်သော ကုမ္ပဏီ၏ ဥက္ကဋ္ဌဟုဆိုလျှငFather ဟူသော Label အောက် တွင် သူ့ထံမှလာသောစာများထားနိုင်သလို Workဟူသော label အောက်တွင်လည်း သူ့စာများကိုထားနိုင်ပါသည်။ Searchတွင် ရှာလိုက်လျှင် နှစ်နေရာစလုံး၌ စာများကို တွေ့နိုင်ပါသည်။ Folder စနစ်ဖြင့်ဆို လျှင် ဤသို့ ပြုလုပ်ရန် မဖြစ်နိုင်ပါ။ အကယ်၍စာတစ်စောင်ကို Folder တစ်ခုထဲသို့ သွတ်သွင်းလိုက်မည်ဟု ဆိုလျှင် ထို Folder ကိုဖွင့်မကြည့်မချင်း ထိုစာသည် မြင်ကွင်းမှ ပျောက်နေပါ လိမ့်မည်။Label စနစ်တွင်မူ သက်ဆိုင် ရာ Label ခေါင်းစဉ်အောက်၌ စာများ ကိုမြင်နေရပါမည်။ Label ၏ကောင်းကွက်များကိုသိပြီ ဟုဆိုလျှင် မိမိ၏ဂျီမေးလ်အကောင့်ထဲ ဝင်လာသောစာများကို Label တပ်ပြီး အစုအဖွဲ့များလုပ်ကြည့်ကြပါမည်။ ဝင်စာတစ်စောင်တွင်Label တပ်ရန် အောက်ပါအဆင့် များအတိုင်း လုပ်ဆောင်နိုင်ပါသည်။
၁။ ဂျီမေးလInbox ထဲသို့ဝင်ပါ။ မိမိ Label တပ်လိုသောစာ၏ ဘယ်ဘက်ဘေးရှိ လေးထောင့်ကွက်ထဲတွင် အမှန်ခြစ်ပေါ်အောင် ဘယ်ကလစ်နှိပ်ပါ။
၂။Inbox ၏ ဘယ်ဘက်ခြမ်းတွင်နှိပ်သော Label နေရာတွင် ဘယ်ခလုတ်နှိပ်ပါ။ dropdown menu တစ်ခုကျလာပြီး personal / receipts / travel / work / create new / manage labels စသည်တို့ကို တွေ့ရပါမည်။
၃။ အဆင်သင့်ပေးထားသော Label ကိုသုံးလိုလျှင် Persona မှ work အထိ Label ၄မျိုးအနက်မှ နှစ်သက် ရာတစ်ခုရွေးချယ်နိုင်ပါသည်။ ယင်း နောက်တွင် Apply နေရာ၌ ဘယ် ကလစ်နှိပ်နိုင်ပါသည်။ မိမိရွေးချယ်လိုက်သောစာသည် သက်ဆိုင်ရာ Label အောက်သို့ရောက် မရောက် မည်သို့သိနိုင်မည်နည်း။ ဂျီမေးလ်မြင်ကွင်း၏ ဘယ်ဘက်ရှိ Label နေရာအောက်တွင် မြင်နေရ မည့် Label name နေရာတွင် ဘယ်က လစ်နှိပ်ပါ။ ကိုယ်Label အမည်တပ် ၍ သိမ်းဆည်းထားသော စာအားလုံး သည် သက်ဆိုင်ရာWindow တစ်ခု ဖြင့် တစ်ပြိုင်တည်းပေါ်လာပါမည်။ စာအတွက် ပေးထားသော Subject စာသား၏ ရှေ့ဘက်တွင် Label ၏ အမည်ကို စာလုံးသေးသေးဖြင့်တွေ့ ရပါမည်။ အထက်ဖော်ပြပါနည်းသည် စာ အစောင်ပေါင်းများစွာကိုLabelတစ်ခု အောက်သို့ တစ်ပြိုင်တည်း ပို့နိုင် ပါသည်။ အကယ်၍ စာတစ်စောင် ချင်းကို Label တစ်ခုအောက်သို့ ပို့မည်ဆိုလျှင Label name တစ်ခုကို ကြို တင်ရွေးချယ်ထား၍ဖြစ်စေ၊ ကြိုတင် အမည်ပေးထား၍ဖြစ်စေ ပြုလုပ်ပြီး မှ မိမိအလိုရှိသည့်စာကိုာသကျန ဖြငိ့်mouseဖိဆွဲလာပြီး Label name နေရာ တွင် လွှတ်ချခြင်းဖြင့် ပြုလုပ်နိုင်ပါ သည်။ စာတစ်စောင်ချင်းစီကိုLabel အောက်သို့ ထည့်သွင်းနိုင် သလို အဆိုပါ အုပ်စုဝင်စာများကိုလည်း Label အောက်မှ ဖယ်ထုတ်နိုင်ပါသည်။ အောက်ပါအဆင့်များအတိုင်း ဆောင် ရွက်ရပါမည်။
၁။ ဂျီမေးလ်မြင်ကွင်း၏ ဘယ်ဘက်ခြမ်းတွင်ရှိသော Labelနေရာသို့သွားပါ။ မိမိဖယ်ထုတ်လိုသေူာဘေနူ အမည်ကို ဘယ်ကလစ်နှိပ်ပြီးရွေးပါ။ အဆိုပါ Labelအောက် ရှိစာများကို သီးခြား Windows တစ်ခုဖြင့်လာပြပါမည်။
၂။ မိမိဖယ်ထုတ်လိုက်သောစာများ၏ ဘယ်ဘက်ရှိလေးထောင့်ကွက် ထဲတွင် အမှန်ခြစ်ပေါ်အောင် ဘယ်ကလစ်နှိပ်ပါ။
၃။ remove label ဟူသောစာသားကိုရှာ၍ ယင်းအပေါ်တွင် ဘယ်ကလစ်နှိပ်ပါ။ ရွေးချယ်ထားသောစာများသည်Label Window အောက်မှပျောက်ကွယ်သွားပါလိမ့်မည်။
၎။ Inbox ရှိရာသို့ ပြန်သွားရန်အတွက် ဂျီမေးလ်မြင်ကွင်း၏ ဘယ်ဘက်ခြမ်းရှိ Inbox ဟူသော စာသားနေရာတွင် ဘယ်ကလစ်နှိပ်ပါ။

No comments:
Post a Comment