Saturday, October 29, 2011

Gtalk ကနေ English-> Myanmar အဘိဓါန် သုံးမယ်

gtalk.jpg
          ဟားဟား တွေ့ပြီဟေ့ တွေ့ပြီ။ ကျွန်တော့်စာဖတ်ပရိတ်သတ်တွေ အတွက် တစ်ကယ် အကျိုးရှိမယ့် Post လေးတစ်ခုလောက် တင်ပေးချင်လို့ လိုက်ရှာနေတာ နှစ်ရက် သုံးရက် ရှိပြီ။ တွေ့မယ့်တွေ့တော့လည်း ကိုညီနေမင်းရဲ့ ဆိုဒ်ထဲမှာ သွားတွေ့တယ်။ ကျေးဇူးတင်ပါတယ် ကိုညီနေမင်းခင်ဗျား။ အခုကျွန်တော်ပြောပြမှာကတော့ အခု ကျွန်တော်တို့ မြန်မာ နိုင်ငံသား အများဆုံး အသုံးပြုနေကြတယ့် Gtalk ကနေ ကိုယ်သိချင်တယ့် English စာလုံးလေးတွေကို မြန်မာ ဘာသာပြန်ပေးတယ့် Dictionary လေးအကြောင်းပါ။ ပထမ အဆင့်အနေနဲ့ ကိုယ့် Gtalk ထဲမှာ en2mm11@mmgeeks.org ကို Add လုပ်ပေးလိုက်ပါ။ သူက တစ်ခါတည်း Accept ဖြစ်ပြီး Online ပြလာပါလိမ့်မယ် ပြီးရင်တော့ ဟဲဟဲ ကိုယ်သိချင်တယ့် English စကားလုံးတွေကို ရိုက်ထည့်ပေးလိုက်ပေါ့။ သူက ကိုယ်ရိုက်ထည့် လိုက်တယ့် English စကားလုံးတွေကို မြန်မာဘာသာနဲ့ ပြန်ပေးပါလိမ့်မယ် အချိန်ကုန်သက်သာပြီး အရမ်းကောင်းပါတယ်။ ကျွန်တော်တောင် စတွေ့ချင်းတုန်းက ဟုတ်မှ ဟုတ်ပါ့မလားလို့ ဟီးဟီး ။ ဒါပေမယ့် စမ်းသုံးကြည့်လိုက်တော့် တော်တော်ကို အဆင်ပြေပါတယ်။ အင်တာနက်သုံးနေရင်း ကိုယ်မသိတယ့် စကားလုံးတွေကို Dictionary ဖွင့်ပြီး ရှာရမှာ ပျင်းတယ် ဆိုတယ့် သူငယ်ချင်းများအတွက်တော့ တော်တော်ကို အဆင်ပြေမှာပါ။ စမ်းကြည့်လိုက်ကြပါဦး။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text