Tuesday, October 25, 2011

နေနှစ်စင်းကို လှည့်ပတ်လျက်ရှိသည့် ဂြိုဟ်တစ်စင်းတွေ့ ...


နေနှစ်စင်းကို လှည့်ပတ်လျက်ရှိသည့် ဂြိုဟ်တစ်စင်း....

အကျွန်ုပ်တို့၏ စကြာဝဠာကြီးသည် အလွန်ပင်
ဆန်းကြယ်နက်ရှိုင်းလှပေသည်။
ယနေ့ စကြာဝဠာတွင် နေနှစ်စင်းကို လှည့်ပတ်နေသည့်
ဂြိုဟ်စစ် ဂြိုဟ်မှန် တစ်စင်းကို    ရှာဖွေတွေ့ရှိခဲ့သည်ဟု 
နက္ခတ္တဗေဒ   ပညာရှင်များက  ယခုလ  စက်တင်ဘာလတွင်
ထုတ်ဖော် ပြောကြားခဲ့သည်။
ယခုဖြစ်စဉ်မျိုးသည် သိပ္ပံဝတ္ထုများထဲတွင်သာ ရှိနိုင်သည်ဟု
ယခင်က ယူဆထားခဲ့ကြသော်လည်း
ယခု လက်တွေ့တွင်ပင် တွေ့မြင်ရခြင်း ဖြစ်သည်။ ၎င်းဂြိုဟ်သည် ကမ္ဘာမှ အလင်းနှစ် ၂၀၀ ခန့်
အကွာတွင် တည်ရှိသည်။ယင်းဂြိုဟ်ပေါ်တွင် အေးခဲနေသော ကျောက်တုံးကျောက်ခဲများနှင့်
ဓာတ်ငွေ့များ တည်ရှိနိုင်မည်ဟု ယူဆထားသည် ။ အဆိုပါဂြိုဟ်၏ အမည်မှာ Kepler-16b ဖြစ်ပြီး
စနေဂြိုဟ် အရွယ်အစားခန့်ရှိသည်။
ယင်းဂြိုဟ်လှည့်ပတ်နေသည့် နေတစ်စင်း၏ အရွယ်အစားမှာ  ကမ္ဘာမှ မြင်ရသည့် နေ၏  
အရွယ်အစားထက်   သုံးပုံ နှစ်ပုံခန့်    ရှိပြီး   အခြားနေတစ်စင်း၏   အရွယ်အစားမှာ ငါးပုံတစ်ပုံခန့်ရှိသည်။        သိပ္ပံပညာရှင်များသည်    အဆိုပါ     နေနှစ်စင်းကို   လှည့်ပတ်လျက်ရှိသည့် ဂြိုဟ်ကို နာဆာမှ
လွတ်တင် ထားသည့် kepler အာကာသယာဉ်ပေါ်မှ   တွေ့မြင်ခဲ့ခြင်းဖြစ်သည်။
kepler အာကာသယာဉ်ကို 2009 ခုနှစ်မှ လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text