
ခြေလက် ရှစ်ဖက်ပါဝင်သော အိန္ဒိယနိုင်ငံ ဘီဟာမြို့မှ ကလေးငယ် ဒီပက်ကူးမားပက်စဝမ် (၇နှစ်)သည် ခြေလက် အပို များကို ခွဲစိတ်ကုသမှုခံယူကာ ဖယ်ရှားခဲ့ပြီးနောက် ပုံမှန်အတိုင်း ဖြစ်သွားသော သူ၏ခန္ဓာကိုယ်ကို ပထမဆုံးအကြိမ်အဖြစ် ပြသခဲ့ရာ DM သတင်းဌာနက အောက်တိုဘာလ ၄ ရက် နေ့တွင် ဖော်ပြခဲ့သည်။ သူသည် လွန်ခဲ့သည့်တစ်နှစ်က ခွဲစိတ် ကုသမှုခံယူခဲ့ခြင်းဖြစ်သည်။ ခွဲစိတ်ခြင်း မပြုမီက သူ့အား ဟိန္ဒူ နတ်မင်းကြီး ပြန်ဝင်စားသည်ဟု ထင်ကာ ဟိန္ဒူဘာသာဝင်တို့က လာရောက်ပူဇော်ခဲ့ကြသည်။ သူ့အား ဘန်ဂလိုမြို့ ဖော်တစ် ဆေးရုံမှ ဆရာဝန်များက ခွဲစိတ်ကုသပေးခဲ့ခြင်းဖြစ်သည်။ ခွဲ စိတ်ကုသခ အမေရိကန်ဒေါ်လာ ၇၅,ဝဝဝ ကို ဆင်းရဲသော သူ၏မိသားစုက မတတ်နိုင်သော်လည်း သူသည် အခမဲ့ခွဲစိတ်ကုသခွင့် ရရှိခဲ့သည်။ သူ့အား လေးနာရီကြာ ခွဲစိတ်ခဲ့ရာ အောင်မြင်မှု ရရှိခဲ့ပြီး ယခုအခါ သူသည် ပုံမှန်လူကောင်းအတိုင်း နေထိုင်နိုင်ပြီဟု ဆိုသည်။ အဆိုပါကလေးငယ်က ယခုအခါ သူသည် သူ၏ အစ်ကိုနှစ်ဦးထက်ပင် ပို၍လျင်မြန်စွာ ပြေးနိုင်သည်ဟုဆိုသည်။

No comments:
Post a Comment