
ကျပ်သုံးသိန်းတန် ဂျီအက်(စ်) အမ်ဖုန်းများ ဒီဇင်ဘာအတွင်း ချထားပေးတော့မည်ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းနှင့် ယင်းစီမံ ကိန်းအား ပူးပေါင်းလုပ်ကိုင်သည့် နည်းပညာကုမ္ပဏီ ၈ခုနှင့် နီးစပ် သူအသိုင်းအဝိုင်းမှသိရသည်။ တန်ဖိုးနည်းဂျီ အက်(စ်) အမ်အမျိုးအစား၊ ကျပ်သုံး သိန်းတန်ဖုန်းများ ပြည်သူများ အကြားလျင်လျင် မြန်မြန်ရောက် ရှိလာပါက ယခုပြန်လည် ရောင်း ချပေးနေသည့် ကျပ်ငါးသိန်းတန် စီဒီအမ်အေ ၈၀ဝ၊ စီဒီ အမ်အေ ၄၅၀ နှင့်ငါးသိန်းတန်ဂျီအက်(စ်) အမ်များ၏ ဝယ်လိုအားသည် ဈေး ကွက်အတွင်းဝယ်လိုအား လုံးလုံး လျားလျားလျား ပျောက်သွားနိုင် ကြောင်း မိုဘိုင်းဟန်းဆက်ဈေး ကွက်တွင် နာမည်ရနေသည့် လူကြီး မင်းဖုန်းဆိုင်နှင့် Mr.Foneမိုဘိုင်း ဆိုင်များမှ သုံးသပ်ကြသည်။
တန်ဖိုးနည်း ကျပ်သုံးသိန်းတန် ဂျီအက်(စ်)အမ်ဖုန်းများ ထွက်ပေါ် လာတော့မည့်ကာလမှာ မကြာခင် အ ကောင်အထည်ဖော်တော့မည် ဖြစ် သောကြောင့် အချို့သောမိုဘိုင်း ဖုန်းဆိုင်များသည် ဘဏ်များနှင့် ချိတ်ဆက်ကာ(Hire-purchase) အ ရစ်ကျပေးချေစနစ်ဖြင့် ဝယ်ယူသူ၊ သုံးစွဲသူများ အဆင်ပြေစေရန်နှင့် မိမိလက်ဝယ်ရှိငွေကြေးဖြင့် ဖုန်း ကိုင်နိုင်အောင်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ကျပ်သုံးသိန်းတန်ဂျီ အက်(စ်)အမ်ဖုန်းများအားဘဏ်များ နှင့်ချိတ်ဆက်ကာအရစ်ကျ ရောင်း ချပေးမည့် မြ.င်္သညန မိုဘိုင်းဟန်း ဆက်အရောင်းဆိုင်မှအထွေထွေ မန်နေဂျာဦးစည်သူကမှဆိုသည်။ "ဝယ်ယူသူတွေအတွက် ဝန် ထုပ်ဝန်ပိုး မဖြစ်ရအောင်အတတ် နိုင်ဆုံးဆောင်ရွက်ပေးသွားမှာပါ၊ SIM card ချည်းပဲရောင်းမှာလား၊ ဟန်းဆက်အပါရောင်းမှာလားဆို တာကတော့ အားလုံးစဉ်းစားတုန်း ပါပဲ၊ အရစ်ကျဖြစ်လို့ ဈေးပိုတာမျိုး ဝယ်ယူသူကိုမဖြစ်စေချင် ဘူး၊ အား လုံး ညှိနှိုင်း ဆောင် ရွက်သွား မှာပါ" ဟMr.Foneမှအထွေထွေမန်နေဂျာ ဦးစည်သူ ကပြောသည်။
ယခု အသစ် ထပ်မံ ချ ထား ပေးမည့် တ န်ဖိုး နည်းဂျီအက် (စ်)အမ်များအား မြန်မာတစ်နိုင်ငံ လုံးအတိုင်း အတာအားဖြင့် ပထမ အရစ်လေးသန်းချထားပေးမည်ဖြစ် ကြောင်းနှင့် နည်းပညာကုမ္ပဏီ ၈ ခုမှ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်တာဝန်ယူကာဆောင် ရွက်နေပြီဖြစ်ကြောင်း၊ နည်းပညာ ကုမ္ပဏီ ၈ ခုတွင်တစ်ခုအပါအဝင် ဖြစ်သည့် Fortune Internationalမှ ဦးရဲမင်းသက်၏ပြောပြချက်အရ သိရသည်။ ဖုန်းအလုံးရေလေးသန်းလျာ ထားသည့် တန်ဖိုးနည်းဂျီအက်(စ်) အမ်များထွက်ပေါ်လာပါက ဝယ်ယူ သုံးစွဲနိုင်သည့် အရေအတွက်သည် တစ်သန်းခန့်ပင်ရှိနိုင်ကြောင်း မိုဘိုင်းဟန်းဆက် အရောင်းဆိုင်များ မှ ခန့်မှန်းသုံးသပ်ကြသည်။ "ငါးသိန်းဆိုတာကလည်းInternational အနေနဲ့ကြည့်ရင်များ သေးတာပဲဆိုတော့၊ အခုသုံးသိန်း ဖြစ်သွားရင် ဝယ်သူကနှစ်ဆ၊ သုံး ဆတက်လာမှာပဲ၊ နိုင်ငံရဲ့ လူဦးအ နေနဲ့ ယှဉ်ရင်ဖုန်းသုံးနိုင်တဲ့လူ နည်း သေးတယ်၊ ပြည်ပမှာတော့ သောင်း ဂဏန်းဆို ဖုန်းတစ်လုံးရတာပေါ့၊ ဒါပေမဲ့ အခုလည်းအစိုးရက တတ်နိုင်သလောက်ဖြည့်ဆည်း ပေးနေတာပါပဲ"ဟု ဖုန်းလိုင်းရေ လေးသန်းချထားပေးရာတွင်ပါ ဝင်သည့် ကုမ္ပဏီ ၈ခုမှ တစ်ခု တည်းသော ကုမ္ပဏီမှ တာဝန် ရှိသူတစ်ဦး၏သုံးသပ်ချက် အရ သိရသည်။
"ဖုန်းလိုင်းများအား ပုဂ္ဂလိက သို့ပေးကာ၊ လုပ် ဆောင်စေခြင်းကြောင့် ဖုန်းဈေးကွက်မှာ အ ပြိုင် အဆိုင်ဖြစ်လာ နိုင်ပြီး၊ ဝယ်ယူသူစိတ် ကြိုက်service အားရွေးချယ်ဝယ် ယူလာနိုင်မည်ဖြစ် ကာ၊ ပြည်ပနိုင်ငံ များတွင် ဖုန်းsimcard ၏ cost အား တန်ဖိုးသတ်မှတ်ခြင်းမရှိဘဲ၊ ဖုန်းဘေ(လ်)ကိုသာ ယူသောစနစ် မျိုးအထိတွင်ကျယ်လာနိုင်ကြောင်း ကုမ္ပဏီ ၈ခုတွင် အပါအဝင်ဖြစ် သည့်Elite မှတာဝန်ရှိသူတစ်ဦး၏ သုံးသပ်ချက်အရ သိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် ယခုကဲ့သို့ ဖုန်းလိုင်းများ အား (တန်ဖိုးနည်းဖုန်း) အများအ ပြားတပ်ဆင်ပေးပြီး ပုဂ္ဂလိကကုမ္ပ ဏီများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း ကြောင့် နိုင်ငံ၏ဆက်သွယ်ရေးစနစ် မှာ ခေတ်မီလာပြီး ပိုမိုကောင်းမွန် လာနိုင်ကြောင်း စင်ကာပူနိုင်ငံတွင် နှစ်နှစ်ခန့် အလုပ်လုပ်ကိုင်ခဲ့သူ တောင်ဥက္ကလာပမြို့နယ်နေဦးသူရ မှ ပြောသည်။ "နိုင်ငံခြားမှာဆိုရင် နေ့ထူးနေ့ မြတ်တွေဆို ဖုန်းကုမ္ပဏီတွေက အဲဒီ နေ့တစ်နေ့လုံး ဖုန်းကိုလုံးဝဘေ(လ်) မယူဘဲ၊ လက်ဆောင်ပေးတာမျိုး တွေရှိတယ်။ နောက် အခြားသော ဖုန်းဝယ်သူရဲ့ စိတ်ကြိုက်စုံလည်းပေးတယ်၊ ဒီမှာလည်း အဲဒီလိုပေးရင်ပိုကောင်းတာပေါ့"ဟု ကုမ္ပဏီတစ်ခုတွင် အုပ်ချုပ်ရေးမှူး ရာထူးဖြင့် တာဝန်ထမ်းဆောင်နေ သူဒေါ်အေးအေးခိုင်နှင့် ယခုပုဂ္ဂလိ က ကုမ္ပဏီများပါဝင်လုပ်ကိုင်လာ မှုနှင့် ပတ်သက်၍ပြောသည်။
ယင်းကဲ့သို့ ပထမငါးနှစ်တာ ကာလ(စီမံကိန်းကာလ)အတွင်း မိုဘိုင်းဖုန်းအလုံးရေ ၅သန်းတိုးချဲ့ လာပါက မိုဘိုင်းဟန်းဆက်နှင့် ပတ်သက်သည့် ဈေးကွက်ကြီးမား ကျယ်ပြန့်လာနိုင်ပြီး၊ ရောင်းချပုံစံ မှာပြိုင်ဆိုင်မှုဖြစ်လာနိုင်မည်ဖြစ် ကြောင်း ဖုန်းဟန်းဆက်ဈေးကွက်မှ ကျွမ်းကျင်သူများကသုံးသပ်ကြသည်။ ထို့အပြင် လူတန်းစားမျိုးစုံ ကိုင်ဆောင်နိုင်သည့် တန်ဖိုးနည်း ဟန်းဆက်များပါ အများအပြား ရောင်းချလာနိုင်ဖွယ်ရှိကြောင်း ဆက်လက်သုံးသပ်ကြသည်။ မြန်မာနိုင်ငံတွင် လူဦးရေ စုစု ပေါင်း သန်း ၆၀ဝန်းကျင်နေထိုင် လျက်ရှိပြီး မိုဘိုင်းတယ်လီဖုန်းသုံးစွဲ သူမှာ ၃သန်းခန့်သာရှိကြောင်း သိရ သည်။ ယင်းအပြင်ကျေးလက်နေ ပြည်သူများသည် မိုဘိုင်းဖုန်းသုံးစွဲ မှုစနစ်နည်းပါးပြီး၊ မြို့နေလူထုတွင် သာ လူတစ်ဦးလျှင်ဖုန်း ၃လုံးမျှ ကိုင်ဆောင်နိုင်ကြောင်း ဖုန်းသုံးစွဲ သူအင်အားတိုးပွားလာခြင်းဖြစ်ကြောင်း နည်းပညာကုမ္ပဏီများ၏ ကွင်းဆင်း ဆောင်ရွက်မှုအရသိရသည်။ ယင်းအပြင် ပထမနှစ်စီမံကိန်း ဖုန်းလိုင်း ၅သန်းတွင် ဂျီအက်(စ်) အမ်အပြင် စီဒီအမ်အေမိုဘိုင်းဖုန်း များကိုလည်း တိုးချဲ့တပ်ဆင်ပေးရန် အစီအစဉ်ရှိပြီး၊ ငါးနှစ်စီမံကိန်းပြီးစီး ပါက လိုင်းပေါင်း ၁၈၇၀ဝ၀ စီတပ် ဆင်ပေးသွားမည်ဖြစ်ကြောင်း မြန် မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန် ရှိသူတစ်ဦးက ဆိုသည်။
GSMဖုန်းများအား ဈေးနှုန်း သက်သာစွာဖြင့် တပ်ဆင်ပေးသွား မည်ဖြစ်သော်လည်း ဈေးနှုန်းအတိ အကျကိုမှု ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသေးကြောင်းနှင့် ဖုန်းဘေ(လ်) မှာလည်း ယခုလက်ရှိကောက်ခံနေ သည့်နှုန်းထား အတိုင်းသာဖြစ်နိုင် ကြောင်း ကုမ္ပဏီ ၈ ခုတွင် အပါအ ဝင်ဖြစ်သည့် Fortune International မှ ဦးရဲမင်းသက်၏ ပြောပြ ချက်အရသိရသည်။ ငါးနှစ်စီမံကိန်း တွင် GSMစနစ်အား အဓိကထား တပ်ဆင်ရခြင်းမှာနိုင်ငံတကာRoaming ဆောင်ရွက်ရာတွင် GSM စနစ်သည် CDMAစနစ်ထက်အား သာချက်များရှိနေကြောင်းသိရသည်။ ကမ္ဘာပေါ်တွင် GSMစနစ် အားနိုင်ငံပေါင်း ၂၃၉ နိုင်ငံမှ လိုင်း အင်အား ၅၆၄ သန်းတပ်ဆင် အသုံးပြုလျက်ရှိကာ GSMနှင့် CDMA နှစ်မျိုးပူးတွဲသုံးနိုင်ငံ ၄၆ နိုင်ငံရှိကြောင်း သိရသည်။

No comments:
Post a Comment