Friday, October 28, 2011

အွန်လိုင်းမှတစ်ဆင့် မင်္ဂလာဆောင်ခြင်း ပြည်တွင်း၌ ပြုလုပ်လာကြ

 အွန်လိုင်းမှတစ်ဆင့် မင်္ဂလာအခမ်းအနားကျင်းပမှုမျိုး ပြည်တွင်း၌ ပြုလုပ်လာကြ ကြောင်း မင်္ဂလာအခမ်းအနား ပြုလုပ်ပေးသူ အချို့၏ ပြောပြ ချက်အရ သိရသည်။

”သတို့သား ဒါမှမဟုတ် သတို့သမီးက အဝေးရောက်နေပြီး ပြန်မလာနိုင်ဘူးဆိုရင် ဒီဘက်မှာ ပရိသတ်အစုံအလင်နဲ့ သတို့သား ဒါမှမဟုတ် သတို့သမီးတစ်ယောက် ရှိ နေပြီး ဟိုဘက်ကလူကို အွန်လိုင်းကနေမြင်ပြီး ဆောင်တာမျိုးပါ။ ဟိုဘက်ဒီဘက် ပရိုဂျက်တာနဲ့မြင်ပြီး ဆောက်ကြတာ”ဟု မင်္ဂလာအခမ်းအနားများ ပြုလုပ်ကျင်းပ ပေး လျက်ရှိနေသာ Park Royal Hotelမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


၎င်းကဲ့သို့ အွန်လိုင်းမှတစ်ဆင့် မင်္ဂလာအခမ်းအနားကျင်းပခြင်းကို ရန်ကုန်မြို့ရှိ ဟိုတယ်ကြီးများတွင် စီစဉ်ဆောင်ရွက်ပေးလျက်ရှိနေပြီး ယမန်နှစ်ကစတင်ကာ အဆိုပါ အခမ်းအနားများ ပြုလုပ်ကျင်းပပေးရခြင်းများ ခေတ်စားလာခြင်းဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။
”ပြီးခဲ့တဲ့နှစ်က နိုင်ငံခြားသား စုံတွဲနှစ်တွဲရယ်၊ မြန်မာစုံတွဲ တစ်တွဲရယ်ကို အွန်လိုင်းကတစ်ဆင့် တက်ရောက်တဲ့ မင်္ဂလာပွဲအနေနဲ့ လက်ခံကျင်းပပေးခဲ့ရတယ်။ ဒီနှစ်ထဲ မှာ တစ်ပွဲလုပ်ပေးဖို့ ရှိတယ်”ဟု ၄င်းက ပြောသည်။

အဆိုပါ မင်္ဂလာအခမ်းအနားမျိုးကို နိုင်ငံခြားတွင် အလုပ်မအား လပ်သူများ၊ အချိန်မပေးနိုင်သောသူများ၊ လုပ်ငန်းရှင်များ အများဆုံး ပြုလုပ်ကြကြောင်း သိရသည်။

”အွန်လိုင်းကနေ ကြိုက်၊ အပြင်မှာလက်ထပ်တာတွေပဲရှိခဲ့တာ။ အခုက မြန်မာပြည်မှာ အွန်လိုင်းက ယူတာတွေရှိလာပြီဆိုတော့ တစ်ခုအဆင်ပြေပါတယ်။ နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့သူတွေ အလုပ်မပျက်ဘူးပေါ့။ စင်ကာပူမှာတော့ ခဏခဏတွေ့ရတယ်”ဟု စင်ကာပူတွင် ကျောင်းတက်နေသော မမြတ်မှူးချယ်က ပြောသည်။

အွန်လိုင်းမှတစ်ဆင့် မင်္ဂလာအခမ်းအနား ပြုလုပ်ခြင်းသည် အရှေ့ တောင်အာရှနိုင်ငံများသို့ ကူးပြောင်းရောက်ရှိလာခြင်းမှာ ကာလအနည်းငယ်သာရှိနေသေးပြီး ကမ္ဘာ တွင် ရေပန်းစားနေကြောင်း သိရသည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text