”အခြေခံကျတဲ့ အချက်အ လက်တွေရေးဆွဲပြီး မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်မှုကော်မတီကို တင်ပြထားပြီးပါပြီ။ ဒါကြောင့်ဒီနှစ်အတွင်း ခွင့်ပြုဖို့အနေ အထားမျိုး ရှိနေပါတယ်” ဟု ၄င်းက အတည်ပြုပြောသည်။
တင်သွင်းခွင့်ပြုသူများသည် အခြေခံအားဖြင့် သင်္ဘောသားများ၊ ပြည်ပတွင်သွားရောက် အလုပ်လုပ်ကိုင်နေသူများ၊ ပို့ကုန်ရငွေရှိသူများနှင့် ဟိုတယ်ခရီးလုပ်ငန်း လုပ်ကိုင် နေသူများအပါအဝင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၌ ခွင့်ပြုမိန့်တင်ထားသူလုပ်ငန်းရှင်တို့ ဖြစ်ကြပြီး တင်ပြရမည့် ငွေပမာဏကိုမူ အတည်ပြုမဆုံးဖြတ်ရသေး ကြောင်း သိရသည်။
”ဝင်ငွေနဲ့ အခွန်ဆောင်ထားတဲ့ ပမာဏက ပြည့်မီဖို့တော့ လိုမှာပေါ့။ အဲဒီအတိုင်းပဲ ကျန်ကဏ္ဍမှာရှိတဲ့ သူတွေလည်း သတ်မှတ်ပမာဏ တော့ ရှိရမှာပေါ့။ ဘယ်လောက် ပမာဏ ရှိရမယ်ဆိုတာတော့ အားလုံးကို အတည်မပြုရသေး ပါဘူး” ဟု စီးပွား/ကူးသန်းမှ အကြီး တန်းအရာရှိတစ်ဦးက ထပ်လောင်း ဆိုသည်။
ထိုကဲ့သို့သာ တင်သွင်းခွင့် ပြုပေးမည်ဆိုပါက လက်ရှိ၌ အမြင့် ဈေးရောက်နေသည့် ယာဉ်အို၊ ယာဉ်ဟောင်းဈေးများ ထပ်မံကာ ကျဆင်းသွားနိုင်သည့်အပြင် အမြင့် ကားဈေးများ ဆက်တိုက်ထိုးဆင်း သွားမည့် အလားအလာများ ရှိသွား မည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်း ရှင်တို့က ရှုမြင်ကြသည်။
”ပွင့်ပွင့်လင်းလင်း ဖွင့်ပေးလိုက်ဗျာ၊ ဒါဆို မှောင်ခိုတို့ တရားမဝင် တို့ဆိုတာက ကျိန်းသေပျောက်သွား မှာပဲ၊ ဒါပေမဲ့ ထင်ပါတယ်။ ကန့် သတ်မှုတချို့တလေကတော့ ရှိဦးမှာ ပဲ ဒါလည်း လိုအပ်ပါတယ်” ဟု စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ယာဉ်အို ယာဉ်ဟောင်း အပ်နှံကာ ပြည်ပမှ ကားတင်သွင်းခွင့် စတင်ခွင့်ပြုပြီးနောက် မော်တော် ယာဉ်တင်သွင်းခွင့်ဆိုင်ရာကြီးကြပ်မှု ကော်မတီကို စီးပွားကူးသန်း ပြည် ထောင်စုဝန်ကြီး ဥက္ကဋ္ဌအဖြစ် ဦးဆောင်၍ ဝန်ကြီးဌာန ၉ ခုတို့ တရားဝင်ဖွဲ့စည်းခဲ့သည်။

No comments:
Post a Comment