အမေရိကန် ပြည်ထောင်စု မှ ဒူဂန်စမစ် အမည်ရှိ ၁၀ နှစ် အရွယ် ကလေးငယ် ၏ ခြေထောက်များသည် တစ်ဖက်က ရှေ့သို့ လှည့်ပြီး အခြား တစ်ဖက်က နောက်သို့ လှည့်နေသည်။ သူသည် ဘေ့စ်ဘော ကစားသမား ဖြစ်ရန် လွန်စွာစိတ်အား ထက်သန် နေဆဲ ဖြစ်သည်။ သူသည် ခြေ ထောက် ကျိုးခဲ့ပြီး နောက် ဓာတ်မှန် ရိုက်ခဲ့ရာတွင် သူ၏ ပေါင်ရိုးတွင် ခရစ်ကက် ဘောလုံး အရွယ်အစားရှိ အကျိတ်ကြီး ရှိနေကြောင်း တွေ့ရှိ ခဲ့ရသည်။ ဆရာဝန်များ က အဆိုပါ အကျိတ်ကို ခွဲထုတ်ကာ အရိုး အတုဖြင့် အစားထိုး ခဲ့သည်။ အိုဟိုင်းအိုး ပြည်နယ် ဖော်စတိုရီယာမြို့ ၌ နေထိုင်သော ဒူဂန်သည် အိုဟိုင်းအိုး ပြည်နယ် ကင်ဆာဆေးရုံ သို့ ရောက်ရှိ သွားပြီး ဆရာဝန်များ က အလွန် ထူးဆန်းသော ခွဲစိတ်မှုကို ပြုလုပ်ခဲ့သည်။ ဆရာဝန်များ က သူ့ ခြေထောက်၏ အလယ်ပိုင်း ကို ဖြတ်ထုတ်ပြီး အောက်ပိုင်း တစ်ဝက်ခန့်ကို ၁၈၀ ဒီဂရီ လှည့်ခဲ့သည်။ ယင်း အရိုး၌ သွေးကြောများ အကောင်းအတိုင်း ကျန်နေသောကြောင့် ပြောင်းပြန် လှည့်ထားသည့် အရိုးကို အပေါ်၌ တပ်ဆင်လိုက်သည်။ ကျန်နေရာများ ကို အရိုး အတုဖြင့် အစားထိုး ခဲ့ခြင်း ဖြစ်သည်။ ခွဲစိတ်မှု အောင်မြင်ခဲ့ သောကြောင့် ယခုအခါ အသက် ၁၃ နှစ် ရှိပြီ ဖြစ်သော ဒူဂန် အနေဖြင့် ဘေ့စ်ဘော ကစားသမား အဖြစ် သူ၏ အိပ်မက်ကို ဆက်မက် နိုင်မည် ဖြစ်ကြောင်း သိ ရသည်။

No comments:
Post a Comment