Sunday, October 30, 2011

မသန်စွမ်းသူများအတွက် လမ်းလျှောက်ဝတ်စုံတီထွင်

အမေရိကန်ပြည်ထောင်စု ပင်တ ဂွန်စစ်ဌာနချုပ်မှ ရန်ပုံငွေထောက်ပံ့ သော သုတေသနအဖွဲ့သည် ကိုယ်ခန္ဓာ မသန်စွမ်းသူများအတွက် လမ်းလျှောက် နိုင်စေရန် ဝတ်စုံတစ်ရပ်ကို တီထွင်နိုင် ခဲ့ကြောင်း သိရသည်။ ကယ်လီဖိုးနီးယား အခြေစိုက် Berkeley Bionics ကုမ္ပဏီ သည် လွန်ခဲ့သည့်နှစ် ဆောင်းတွင်းကာ လက ဝတ်ဆင်၍ရသော စက်ရုပ်တစ်ခု ကိုပြသခဲ့ပြီး ယင်းကို elEGS ဟု အမည် ပေးခဲ့သည်။ အဆိုပါ စက်ရုပ်ဝတ်စုံသည် အမေရိကန်ခြေလျင် စစ်သားများအတွက် အသုံးပြုသော နည်းပညာကို မှီငြမ်းကာ တီထွင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဝတ်စုံ  တွင် အသုံးပြုသူသည် ကျောပိုးအိတ် သဏ္ဌာန်အရာထဲသို့ဝင်ကာ သိုင်းကြိုး များကို ပတ်ရသည်။
ယင်း၌ ဘက်ထရီ တစ်ခုနှင့် မိုက်ခရိုပရိုဆက်ဆာတစ်ခုပါ ဝင်ပြီး တင်ပါးဆုံရိုးအဆစ်နှင့် ဒူးဆစ် နေရာများတွင် မော်တာများတပ်ဆင် ထားပြီး လိုအပ်သော လှုပ်ရှားမှုကို လုပ် နိုင်သည်။ လက်ကိုင်နေရာတွင် အာရုံခံ ကိရိယာများပါဝင်ပြီး ကျောပိုးအိတ် အတွင်းရှိ ကွန်ပျူတာသို့ ညွှန်ကြားချက် များကို ပေးပို့နိုင်သည်။ ¤င်း၏ လမ်း လျှောက်ပုံမှာ ရိုးရှင်းသည့် ပုံစံအတိုင်း ပင်ဖြစ်သည်။ ဥပမာ - ခန္ဓာကိုယ် အလေးချိန်ကို ဘယ်ဘက်လက်ကိုင်သို့ ပြောင်းလိုက်ပါက ညာဘက်ခြေထောက် သည် ရှေ့သို့လှမ်းသွားသည်။ ယခုလက် ရှိ ထုတ်လုပ်လိုက်သော ဝတ်စုံသည် အရပ် ၆ ပေ ၂ လက်မ အောက်နှင့် ပေါင်ချိန် ၂၂ဝ အောက် လူနာများ အတွက်သာဖြစ်ပြီး ခန္ဓာကိုယ် အပေါ် ပိုင်း အားကောင်းရန် လိုအပ်သည်။ ၂ဝ၁၃ ခုနှစ်သို့အရောက်၌ ပိုမိုကောင်း မွန်သော စက်ရုပ်ဝတ်စုံများ ပေါ်ထွက် လာလိမ့်ဦးမည်ဟု ဆိုသည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text