အိမ်တွင် အီးမေးလ် အသုံးပြုကြသော ကလေးများမှာ ပိုမို ထူးချွန်ပုံရပြီး သူငယ်ချင်းများအကြားတွင်လည်း ရေပန်းစားကြကြောင်း သုတေသနလေ့လာမှုအရ သိရှိထားသည်။
သြစတြေးလျနိုင်ငံ၊ ကာတင် တက္ကသိုလ်၊ ပညာရေးဘွဲ့သင်တန်းဌာနမှ စိတ်ပညာ ကထိကဖြစ်သူ Genevieve Johnson ၏ သုတေသန လေ့လာမှုတွင် ကနေဒါနိုင်ငံ မူလတန်းကျောင်းမှ ယောက်ျားလေး ၅၁ ဦးနှင့် မိန်းကလေး ၄၄ ဦးတို့၏ တုံ့ပြန်ချက်များကို လေ့လာဆန်းစစ်ခဲ့သည်။
သုတေသီဆရာမက အီးမေးလ် အသုံးမပြုသူတို့ကို ယခင် ခေတ်ဟောင်းကာလက တယ်လီဗေးရှင်းနှင့် မယဉ်ပါးခဲ့သေးသည့် သူတို့နှင့် နှိုင်းယှဉ်ခြင်းကြည့်သည်။
‘‘ကိုယ်တွေ ဟိုး… ငယ်ငယ်လေးတုန်းက၊ ကလေးဘ၀က အတွေ့အကြုံကို နောက်ကြောင်းပြန် စဉ်းစားကြည့်စမ်းပါ။ သူငယ်ချင်း တစ်ယောက်ယောက်ရဲ့ နေ့လည်စာ ထမင်းဘူးပေါ်မှာ နောက်ဆုံးထွက် ကာတွန်း ရုပ်ပုံကလေး မရှိနေဘူးဆိုရင်၊ ဘာဖြစ်လို့လဲဆိုတော့ သူက တယ်လီဗေးရှင်းမှ မကြည့်ထားတာ။ အဲဒီသူငယ်ချင်းဟာ အထီးကျန်ဆန်ဖြစ်ရပြီ။ ကလေးတို့ရဲ့ ကမ္ဘာလောကကြီး ဘာတွေ ဖြစ်နေသလဲဆိုတာကို မသိနိုင်တဲ့အတွက်ပါ။’’
သင့်ကလေးဟာ အင်တာနက်ကို မှန်မှန်ကန်ကန် အသုံးပြုတတ်ပါစေ
သင့်ကလေးဟာ အင်တာနက်ကို မှန်မှန်ကန်ကန် အသုံးပြုတတ်ပါစေ
“အဲဒီအတွက်ကြောင့် အင်တာနက်ကို အကျိုးရှိရှိ အသုံးပြုခွင့် ရတဲ့ ကလေးတွေဟာ ပိုပြီးတော့ ပေါ်ပြူလာ ဖြစ်နိုင်တယ်လို့ ကျမတို့က ပြောနေတာပါ။ ဒါဟာ တကယ်မှန်ပါတယ်။” တက္ကသိုလ်က ထုတ်ပြန်သည့် သုတေသန ရလဒ်ကို ကိုးကား၍ Johnson က ပြောပြခဲ့သည်။
လေ့လာမှုအရ မိန်းကလေးများက အိမ်တွင် အီးမေးလ်ကို ပိုအသုံးပြုပြီး ကျောင်းတွင်မူ မိန်းကလေး၊ ယောက်ျားလေး အသုံးပြုမှုမှာ အတူတူဖြစ်သည်ဟုဆိုပါသည်။
ဤကဲ့သို့ တူညီမှုရှိခြင်းမှာ အင်တာနက်ကို စာသင်ကြားရာတွင် အသုံးပြုခြင်းကြောင့် နည်းပညာနှင့် ပတ်သက်ပြီး ဂျန်ဒါ အကွာအဝေး သိပ်မရှိတော့သည့်ကိုလည်း တွေ့မြင်ရကြောင်းပင်ဖြစ်သည်။
“ကစားတာတွေ အပါအ၀င် အင်တာနက်ဟာ ဆိုးဝါးတယ်လို့ ရှုမြင်တတ်ကြပါတယ်။ ဒါပေမဲ့ ကျမရဲ့ သုတေသန လေ့လာတွေ့ရှိမှုအရ အထောက်အထားများစွာကတော့ ဒါဟာ မမှန်ဘူးဆိုတာကို ပြနေပါတယ်။” ကထိက၏ တင်ပြချက်ဖြစ်သည်။
“အွန်လိုင်းပေါ်မှာ သုံးနေတဲ့ အရာအားလုံးဟာ အပေါင်းလက္ခဏာ ဆောင်တဲ့ ဖွံ့ဖြိုးမှု ရလဒ်တွေရှိတယ်လို့တော့ ကျမ မပြောနိုင်ပါဘူး။ ဒါပေမဲ့ အတော်များများကတော့ အသုံးတည့်လှတယ်။” သူမက နိဂုံးချုပ် တင်ပြခဲ့ပါသည်။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment