
နိုင်ငံပိုင် ဘဏ်များနှင့် ပုဂ္ဂလိက ဘဏ်များတွင် ICT နည်းပညာ အသုံးပြု၍ ရုံးချုပ်နှင့်ဘဏ် ခွဲအများအပြား MPT Satellite, IP Star နှင့် Banking Network ကော်မတီ ဖွဲ့စည်း၍ ဘဏ်လုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်နေကြောင်း သိရသည်။ ယခင်က ဘဏ်များတွင် Fax နှင့် ငွေလွှဲပို့နိုင်ရာမှ ခေတ်ကာလနှင့် အညီ Online E-Banking System ဖြင့် ငွေလွှဲပို့နိုင်၍ ပိုမိုပြည့်စုံစွာ လုပ်ဆေင်နိုင်အောင် ကြိုးစားနေကြောင်း၊
စက်တင်ဘာ ၂၀ ရက်က နိုင်ငတော် ဗဟိုဘဏ် အပါအဝင် နိုင်ငံပိုင် ဘဏ်များနှင့် ပုဂ္ဂလိက ဘဏ်များ ပါဝင်သော Banking Network ကော်မတီ ဖွဲ့စည်းခဲ့ကြောင်း၊ ပထမအဆင့် စာပေးစာယူ ဆောင်ရွက်နိုင်ရန် Bank Mail နှင့် File Transter Protocol (FTP) ဘဏ်များအား ကြီးကြပ်ရန် Online Financial Reporting ဖြင့် ဘဏ်ငွေလွှဲပြောင်းသည့် Electronic Funds Transfer (EFT) ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။ ဒုတိယအဆင့်တွင် ဘဏ်များ၏ ချက်လက်မှတ်များကို အလိုအလျောက် စာရင်း ရှင်းလင်းပေးခြင်း (Automated Clearing House (ACH) ကို အကောင်အထည် ဖော်သွားမည်ဟု ဆိုသည်။

No comments:
Post a Comment