Saturday, October 1, 2011

ဆိုင်ကယ်က လမ်းပေါ်ရှိ အပေါက်ထဲသို့ ထိုးကျသွား


တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ချန်ချွမ်မြို့တွင် လမ်းပေါ်တွင် ရှိနေသော အပေါက်ကြီး ထဲသို့ မော်တော်ဆိုင်ကယ် တစ်စီး ထိုးကျ သွားပုံကို သြဂုတ်လ ၈ ရက်နေ့က တွေ့မြင်ရပုံ ဖြစ်သည်။ မော်တော်ဆိုင်ကယ် မောင်းသူမှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားသော်လည်း မြင်ကွင်းမှာ ရယ်စရာ ကောင်းလှသောကြောင့် ရပ်ကြည့်နေသူတိုင်း မရယ်ဘဲ မနေနိုင်အောင် ဖြစ်ရသည်ဟု ဆိုသည်။ လူအများ တဟားဟား ပွဲကျ နေကြသော်လည်း မော်တော်ဆိုင်ကယ် မောင်းသူ ဇန်ဘို ခမျာ ဆိုင်ကယ်စီး ဦးထုပ်ကို ဆောင်းထားခြင်း မရှိသောကြောင့် ဦးခေါင်းခွံ ကွဲအက်ပြီး မေးရိုးကျိုးကာ ဆေးရုံသို့ ပို့ခဲ့ရကြောင်း သိရသည်။
ယင်းအပေါက်ကြီးကို သံမဏိ အဖုံးဖြင့် ဖုံးထားသော်လည်း သူခိုး ခိုးသွားသောကြောင့် အပေါက်ကြီးမှာ ပွင့်လျက် ရှိနေရခြင်း ဖြစ်သည်ဟု ဆိုသည်။ 

No comments:

Post a Comment

 

Sample text

Sample Text

Sample Text