Saturday, October 1, 2011

ဝက်ဘ်ဆိုက် တစ်ခုက မျက်နှာကို မှတ်သားသော ဆော့ဖ်ဝဲကို သုံးကာ မိမိ၏ မျက်နှာ နှင့် တူသူကို ရှာဖွေ ပေးနေ

ချားလ် မင်းသားနှင့် ကမ္မီလာ၊ ကီလီ အော့စဘွန်းနီး နှင့် လုခ်ဝိုရော၊ တွမ်ခရုစ် နှင့် ကေတီဟုမ်း တို့သည် မျက်နှာပေါက် ဆင်တူသော စုံတွဲများ အဖြစ် ထင်ရှား ခဲ့သည်။ ယခုအခါ အွန်လိုင်းမှ ဝက်ဘ်ဆိုက် တစ်ခုသည် မိမိမျက်နှာ နှင့် တူသူကို ရှာဖွေပေးသည့် လုပ်ငန်းတစ်ရပ်ကို လုပ်ဆောင် နေကြောင်း သိရသည်။
အဆိုပါ ဝက်ဘ်ဆိုက်သည် မျက်နှာကို မှတ်သားသော ဆော့ဖ်ဝဲ တစ်ခုကို အသုံးပြုကာ မိမိ မျက်နှာနှင့် ဆင်တူသူကို ရှာဖွေ ပေးခြင်း ဖြစ်သည်။ အတွဲ မရှိသူများ အနေဖြင့် မိမိနှင့် မျက်နှာချင်း ဆင်တူသူကို ရှာဖွေလိုပါက Find Your Facemate.comသို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text