Saturday, October 1, 2011

အောက်တိုဘာ ခွေးသား စားပွဲတော် တရုတ်တွင် ပိတ်ပင်

ခွေးတစ်ကောင်ကို သတ်ပြီး ပွဲတော် တည်ကာ စားသုံးခြင်း ဓလေ့ ပြုလုပ် ကြသည့် လွန်ခဲ့သော နှစ်ပေါင်း ၆ဝဝ သို့ နောက်ကြောင်း ပြန်သော ပွဲတော်တစ်ခု သတ်မှတ်ကာ တရုတ်အစိုးရမှ တားဆီး ပိတ်ပင် လိုက်ကြောင်း သိရှိရသည်။ ဤကဲ့သို့ ပြုလုပ်သော ပွဲတော် သည် တိရစ္ဆာန်များကို ဒေါသတကြီး ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခဲ့ ကြသည့် လုပ်ရပ်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြကြသည်။
ခွေးများကို သတ်ဖြတ်ပြီး အရေခွံချွတ်ကာ လမ်းမများပေါ်တွင် ခင်းကျင်းထားမှုများကို ပွဲတော် ရက်ကာလများအတွင်း တရုတ်နိုင်ငံ ပင်လယ်ကမ်းခြေဒေသ ဇီဂျိမ်းပြည်နယ်ရှိ ကွင်ဇီးမြို့တွင် တွေ့မြင် နိုင်ကြ ကြောင်း သိရှိရသည်။
ထိုပွဲတော်ကို အောက်တိုဘာလ တွင် အများဆုံး ပြုလုပ်ကြသည်။ ၄င်းပွဲတော်မှာ မင် မင်းဆက်ခေတ် စစ်ပွဲအောင်နိုင်မှု အထိမ်းအမှတ်ဖြင့် ခင်းကျင်းပြုလုပ်သော ပွဲတော် ဖြစ်ပြီး ရန်သူများအတွက် သတိမူနိုင်သည့် ခွေးဟောင်သံများ ပျောက်ကွယ်သွားအောင် ခွေးများကို သုတ်သင်ရှင်းလင်းသောပွဲဟု သိရှိရသည်။
တရုတ်နိုင်ငံတွင် ၁၉၈ဝ ခုနှစ်ခန့်မှ ခေတ်မီသော စားသောက်ပွဲတော်အဖြစ် ၄င်းကို အသိအမှတ်ပြု ပြောင်းလဲ လာခဲ့ ကြောင်း သိရှိရသည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text